ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်

တနင်္လာနေ့ နေ့လည်ပိုင်းက ဂျပန်နိုင်ငံ၊ အိုင်ရှီကာဝါစီရင်စုမှာ ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိ အင်အားအ လွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဂျပန် မိုးလေဝသဌာနက ဂျပန်ပင်လယ်ပြင်တစ်လျှောက် ဆူနာမီသတိပေးချက်အားလုံးကို အဆင့်လျှော့ ပြီး ထုတ်ပြန်ခဲ့ပေမယ့် နောက်ထပ် မြေငလျင်လှုပ်ခတ်မှုတွေ၊ ဆူနာမီလှိုင်းတွေ ဖြစ်လာနိုင်လို့ နိုးကြားစွာနေကြဖို့ ဒေသခံတွေကို တိုက်တွန်းထားပါတယ်။

အိုင်ရှီကာဝါစီရင်စုရှိ မြို့အများအပြားက ဆူနာမီဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရပါတယ်။ ပြိုကျနေအိမ်တွင်းမှ သက်ကြီးအဘိုးအိုတစ်ဉီးကို ကယ်ဆယ်ခဲ့ရပြီး စုစုပေါင်း လူ ၆ ဦး သေဆုံးခဲ့တယ်လို့ အိုင်ရှီကာဝါရဲတပ်ဖွဲ့က ပြော ပါတယ်။

နေအိမ် ၅၀ ခန့် ပြိုကျခဲ့ပြီး နီဂါတာနဲ့ တိုယာမာ အပါအဝင် စီရင်စုလေးခုမှာ လူပေါင်း ဒါဇင်နဲ့ချီ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဂျပန် မီးသတ်ဉီးစီးဌာနက ပြောပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် ဝါဂျီးမားမြို့တော်မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ စတိုင်းဆိုင်နဲ့နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ရပါတယ်။

အိုင်ရှီကာဝါ၊ နီဂါတာ၊ တိုယာမာစီရင်စုတွေမှာ ထောင်နဲ့ချီတဲ့ အိမ်ထောင်စုတွေဟာ လျှပ်စစ်ဓာတ်အား မ ရရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကျည်ဆံရထားပြေးဆွဲမှုလည်း ထိခိုက်ခဲ့ရပြီး အကီတာ၊ ဟိုကူရီကူ၊ ဂျိုဆုရှင်ကန်ဆန် လိုင်းတွေကို တနင်္လာနေ့ကစပြီး ပြေးဆွဲမှု တစ်ချို့ရပ်ဆိုင်းခဲ့ပါတယ်။

တောင်ကိုရီးယား၊ ရုရှားနဲ့ မြောက်ကိုရီးယား အာဏာပိုင်တွေကလည်း ကမ်းရိုးတန်းဒေသနေ ပြည်သူ တွေကို ကုန်းမြင့်ဒေသများသို့ ရွှေ့ပြောင်းဖို့ သတိပေးခဲ့ပြီး နိုးကြားစွာ နေထိုင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ကိုးကား – NHK
Ref; At least six people killed in Japan after M7.6 quake

#Ayeyarwaddy_Times