ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်

တောင်ကိုရီးယား အတိုက်အခံပါတီ အကြီးအကဲ လီဂျေမြောင်ဟာ နိုင်ငံတောင်ပိုင်းရှိ ဆိပ်ကမ်းမြို့ ဘူ ဆန်သို့သွားရောက်တဲ့ ခရီးစဉ်တစ်ခုအတွင်း တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဘူဆန်မြို့ရှိ အဆိုပြုထားတဲ့ လေဆိပ်စီမံကိန်းတစ်ခုကို သွားရောက်စဉ် မည်သူမည်ဝါမသိရသူတစ်ဉီးက လီဂျေမြောင်ရဲ့ လည်ပင်းဘယ်ဘက်နားကို ဓားနဲ့ထိုးခဲ့တာလို့ ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တိုက်ခိုက်မှုပြုလုပ်သူကို အခင်းဖြစ်ရာနေရာမှာ ဖမ်းဆီးခဲ့တယ်လို့ အဆိုပါသတင်းဌာနက ဆိုပါတယ်။ ဘာကြောင့် တိုက်ခိုက်မှုဖြစ်ပွားရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

သတင်းတွေမှာ ဖော်ပြတဲ့ဓာတ်ပုံတွေထဲမှာ လီဂျေမြောင်က မျက်လုံးမှိတ်ပြီး မြေကြီးပေါ် လဲနေကာ အ ခြားလူတွေက သူ့လည်ပင်းကို ဓားနဲ့ထိုးနေသူရဲ့လက်ကို ချုပ်ကိုင်ထားတာ မြင်တွေ့ရပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လီဂျေမြောင်ကို အနီးအနားရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့တယ်လို့ ယွန် ဟပ်သတင်းဌာနက ဖော်ပြပါတယ်။

အဓိက အတိုက်အခံပါတီ ဒီမိုကရက်တစ်ပါတီရဲ့ အကြီးအကဲဖြစ်သူ လီဂျေမြောင်က သတိပြန်လည်ပြီဖြစ် ပေမယ့် သူ့ရဲ့ အခြေအနေကို အတိအကျမသိရသေးဘူးလို့ ဒေသန္တရမီဒီယာတွေက ဖော်ပြပါတယ်။

မည်သူမည်ဝါမသိရသူက လီဂျေမြောင်ရဲ့လည်ပိုင်းကို ဒဏ်ရာရရှိစေဖို့ ဓားပုံစံ လက်နက်တစ်မျိုးကို အ သုံးပြုခဲ့တယ်လို့ တောင်ကိုရီးယားမီဒီယာတွေက မျက်မြင်တွေ့ရှိသူတွေကို ကိုးကားပြီး ဖော်ပြပါတယ်။

လီဂျေမြောင်ဟာ ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ သမ္မတ ယွန်ဆတ်ယိုလ်ကို မဲရလဒ်အနည်းငယ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

ကိုးကား – TRT World
Ref; South Korea opposition chief ‘stabbed in neck’ during Busan visit

#Ayeyarwaddy_Times