ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁ ရက်
တောင်ကိုရီးယားနိုင်ငံနဲ့ ပြန်လည်ရင်ကြားစေ့ သို့မဟုတ် ပေါင်းစည်းဖို့ မဖြစ်နိုင်တော့ဘူးလို့ မြောက်ကို ရီးယားနိုင်ငံက ၅ ရက်ကြာ မျက်နှာစုံညီ အစည်းအဝေးတစ်ရပ် ကျင်းပပြီးနောက် ပြောကြားလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံနဲ့ ပြန်လည်ရင်ကြားစေ့ဖို့ သို့မဟုတ် ပေါင်းစည်းဖို့ မစဉ်းစားကြောင်း၊ အဘယ် ကြောင့်ဆိုသော် တောင်ကိုရီးယားက မြောက်ကိုရီးယားကို အဓိကရန်သူအဖြစ် ကြေညာခဲ့ကြောင်း မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်က ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရာမှာ အခြေခံအပြောင်းအလဲတစ်ခု ရှိရမှာဖြစ်ပြီး ကိုရီးယားနှစ် နိုင်ငံကြား ဆက်ဆံရေးဟာ ရန်လိုသောတိုင်းပြည်တွေ သို့မဟုတ် စစ်ဖြစ်တော့မယ့်တိုင်းပြည်တွေဖြစ်တယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် မျက်နှာစုံညီ အစည်းအဝေးမှာလည်း ကင်ဂျုံအန်က တောင်ကိုရီးယားနိုင်ငံကို ရန်သူနိုင်ငံလို့ ခေါ်ဆိုခဲ့ပြီး နျူကလီးယားတပ်ဖွဲ့နဲ့ နျူကလီးယားလက်နက်တွေ ထုတ်လုပ်မှုတိုးမြှင့်မယ်လို့ သူက ပြောကြားခဲ့ပါ တယ်။
နိုဝင်ဘာလအတွင်း ပထမဆုံးအကြိမ် သူလျှိုဂြိုဟ်တု အောင်မြင်စွာလွှတ်တင်နိုင်ခဲ့တဲ့ မြောက်ကိုရီးယား နိုင်ငံက ၂၀၂၄ ခုနှစ်အတွင်း နောက်ထပ် သူလျှိုဂြိုဟ်တု ၃ လုံး လွှတ်တင်ဖို့ ရည်မှန်းထားကြောင်း ကြေညာခဲ့ပါ တယ်။
မြောက်ကိုရီးယားနိုင်ငံက ၂၀၂၃ ခုနှစ်အတွင်း နျူကလီးယားတော်ပီဒို၊ ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်နိုင် တဲ့ ရေငုပ်သင်္ဘော၊ ပထမဆုံး သူလျှိုဂြိုဟ်တုနဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။
အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေကို ဗီတိုအာဏာနဲ့ ပယ်ချပေးခဲ့ပြီး ကမ္ဘာ့ရေးရာမှာ လုံခြုံရေး အာမခံချက်ပေးတဲ့ တရုတ်၊ ရုရှားတို့နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ မြောက်ကိုရီးယားနိုင်ငံက ရွေးချယ်ခဲ့ပါတယ်။
ကိုးကား – La Prensa Latina
Ref; North Korea says unification with South is ‘not possible’