ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁ ရက်
၂၀၂၄ သည် ထူးခြားသည့် အပြောင်းအလဲများဖြစ်လာနိုင်သည့်နှစ်ဖြစ်ပြီး စစ်ကောင်စီက စစ်ရှုံးနေပြီဟု ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ၎င်း၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်အတွင်း တိုးတက်အောင်မြင်မှုအဖြစ် တော်လှန်ရေးအင်အားစုများ၏ ထူးခြား ပြောင်မြောက်သည့် ရလဒ်များကိုရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်သည် ထူးခြားသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ကြောင်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုထားသည်။
စစ်ကောင်စီတပ်သည် ပြည်သူလူထုတစ်ရပ်လုံး၏ တက်ညီလက်ညီ ခုခံတော်လှန်မှုများ ကြောင့် ခံနိုင်ရည်စွမ်းမရှိတော့ဘဲ စစ်ရှုံးနေသည်ကို တွေ့မြင်နေရသည်ဟု KIO ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါအခင်းအကျင်းများကြောင့် ၂၀၂၄ ခုနှစ်သည် ထူးခြားသည့်အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည့်နှစ်ဖြစ်သည်ဟု သုံးသပ်ကြောင်းနှင့် အဆုံးသတ်တွင် အောင်ပွဲ ခံနိုင်ရန် တော်လှန်ရေးအင်အားစု များအချင်းချင်း အပြန်အလှန်နားလည်မှုထား၍ အဓိကဘုံရန်သူကို အားစိုက်တော်လှန်ကြရန် တိုက်တွန်းလိုကြောင်း ၎င်း၏ နှစ်သစ်ကူး မိန့်ခွန်းမှတဆင့် တိုက်တွန်းထားသည်။
စစ်ကောင်စီတပ်သည် စစ်ရှောင်ပြည်သူများကို ပစ်မှတ်ထား ပစ်ခတ်သတ်ဖြတ်နေသလို မြန်မာတနိုင်ငံလုံးရှိ ပြည်သူများကိုလည်း ရန်သူကဲ့သို့သတ်မှတ်၍ သတ်ဖြတ် နေကြောင်းနှင့် လွတ်မြောက်ရေးတိုက်ပွဲတွင် မည်သည့်ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့ လာရသည်ဖြစ်စေ လက်မြောက်အရှုံးပေးမည်မဟုတ်ဘဲ ခိုင်မာစွာ စည်းလုံးညီညွတ်ရန် လိုအပ်ကြောင်း KIO ဥက္ကဋ္ဌက ၎င်း၏ နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ပုံစာ-KIOဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လ
#ကချင်လွတ်လပ်ရေးအဖွဲ့ #KIOဥက္ကဋ္ဌ #ဗိုလ်ချုပ်ကြီးအင်ဘန်လ #နှစ်သစ်ကူးမိန့်ခွန်း #၂၀၂၄ #စစ်ကောင်စီစစ်ရှုံး #Ayeyarwaddy_Times