ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၈ ရက်
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့မှာ ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်းက ဆန်စက် ၁ လုံးမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အမှတ် ၃ ရပ်ကွက်၊ တော်တနီလမ်းသစ်မှာရှိတဲ့ ”အမေ့သားဂုဏ်ရည်”ဆန်စက်ဟာ မနက် ၇၀ နာရီ ၂၀ မိနစ်လောက်မှာ မီးစတင်လောင်းကျွမ်းခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
” မနက်ပိုင်းလောင်းတာ ညကလည်း ဗုံးပေါက်သွားတာရှိတယ် ဘာမီးလည်းဆိုတာတော့ မပြောတက်ဘူး လူသေတာမျိုးတော့ မရှိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
မီးလောင်မှုဟာ နာရီဝက်နီးပါးကြာမြင့်ခဲ့ပြီး စပါးခွံတာဘိုင်စက်ရုံအတွင်းပိုင်း ထုတ်တမ်း၊ မြှားတမ်းနဲ့ သစ်သားတိုင်တွေ မီးစွဲလောင်ခဲ့ပြီး လူထိခိုက်သေဆုံးတာမျိုးတော့မရှိဘူးလို့ ဆိုပါတယ်။
မီးလောင်ကျွမ်းမှုဟာ စပါးခွံဂက်(စ်)တာဘိုင်စက်ရုံရဲ့ စပါးခွံသိုလှောင်ခန်းထဲက စပါးခွံတွေရဲ့ အောက်ဘက်က ဖွဲမီးလက်ကျန်ကတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ မြို့နယ်မီးသတ်တပ်ဖွဲ့ ကြေးနန်းစာအရ သိရပါတယ်။