ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၈ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ရေခါးကျေးရွာကို ဒီကနေ့ နံနက် ၈ နာရီ ၃၀ မိနစ်ဝန်းကျင်မှာ စစ်ကောင်စီတပ်တွေက မီးတင်ရှို့နေတယ် လို့ ဒေသခံတွေထံကသိရပါတယ်။

“ခုမနက် အစောပိုင်းက ထပ်ပြီးဝင်လာကြတာ ဝင်လာပီဆိုတာနဲ့ စစ်တပ်ထုံးစံက အိမ်တွေမီးရှို့တာပဲ။တစ်နေ့မှ အိမ်မှာအကောင်းမနေရပါဘူး နေ့တိုင်းပြေးနေကြရတာ။ အခုမီးရှို့ခံရတဲ့ အနီးတစ်ဝိုက်က ပြည်သူတွေလဲ ရွာထဲတွေမှာ လူမရှိကြတော့ဘူး “လို့ စစ်ဘေးရှောင် အမျိုးသမီး တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဆားလင်းမြို့နယ်အတွင်းရှိ ဆေးရုံ၊ ကျောင်းရုံးကျောင်း စတဲ့နေရာတွေမှာ စစ်ကောင်စီက သုံနေရာတပ်စွဲထားပြီး ဝမ်ပေါင်ကုမ္မဏီက စစ်တပ်ရဲများနဲ့ပါ ပူးပေါင်းကာ ဒေသခံပြည်သူတွေရဲ့နေအိမ်တွေကို မီးတင်ရှို့နေတာလို့ ဒေသခံတွေကဆိုပါတယ်။

ဇူလိုင်လ ၂၇ ရက်နေ့ကလည်း ပိုင်းတောင်ကြီးကျေးရွာကို စစ်တပ်က ဝင်ရောက်မွှေနှောက်ခဲ့ပြီး ၎င်း ကျေးရွာအနီးရှိ တုံရွာ၊ အလယ်တောရွာ၊ တောကျောင်းရွာ၊ ရွာသစ်ရွာ၊ဆည်တဲ၊ စတဲ့ ကျေးရွာတွေဟာ လည်း ၄ ကြိမ်ထက်မနည်း ထွက်ပြေး တိမ်းရှောင် နေရကြရတယ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။