နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၁ရက်

စစ်ကောင်စီသည် ရခိုင်ပြည်နယ် ကျောက်တော်မြို့အနီးရှိ မလာရွာ၊ တင်းမရွာ နှင့် တောင်လည်တောင် ရွာများကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် တစ်ကြိမ်၊ ညနေ ၄ နာရီတွင် တစ်ကြိမ် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒေသခံအရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်။ လာကြဲတဲ့လေယာဥ်က နှစ် စီး၊ အဖြူရောင်တစ်စီးနဲ့ စစ်ရောင်လေယာဥ်တစ်စီးပါ” ဟု ကျောက်တော်မြို့မှနေ၍ စစ်ဘေးရှောင်နေရသည့် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း ကျောက်တော်မြို့ အနီး တဝိုက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ အဝေးထိန်းဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းများပြုလုပ် ခဲ့ကြောင်း သိရသည်။

“လေယာဥ်တစ်စီးက အပေါ်ကနေ ဝဲနေပြီး နောက်တစ်စီးက ခပ်နိမ့်နိမ့် ဗုံးကြဲချသွားတာ။ အဲ့ဒီလေယာဥ်ပြန်တတ်တဲ့အချိန်မှာ နောက်တစ်စီးက ထပ်ကြဲတာ။ ကျွန်တော် ထွက်ပြေးရင်းနဲ့ လေယာဥ်တွေကိုဓာတ်ပုံရိုက်ယူထားပြီး ပို့ပေးတာပါ။ ထိခိုက်မှု အသေးစိတ်ကို မသိရသေးဘူး” ဟု ကျောက်တော်မြို့မှနေ၍ စစ်ရှောင်နေရသူ အမျိုးသားက ဆိုသည်။

ဓာတ်ပုံ-ဒေသခံပေးပို့
ပုံစာ-စစ်ကောင်စီ ကျောက်တော်မြို့အနီးရှိ ကျေးရွာများသို့ လာရောက်ဗုံးကြဲစဉ်
#စစ်ကောင်စီတပ် #ကျောက်တော်မြို့ #ကျေးရွာ၃ရွာ #လေယာဥ်ဗုံးကြဲတိုက်ခိုက် #Ayeyarwaddy_Times