မြရာ/ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၃၁ ရက်

စစ်ကောင်စီက စစ်ရေးပြင်းထန်နေသည့် ရှေ့တန်းတိုက်ပွဲများတွင် ဒရုန်းများကိုအသုံး ပြုလာပြီး ဒရုန်းဗုံးများကို ပြည်ပနည်းပညာရှင်များအကူအညီဖြင့် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ)များတွင် စမ်းသပ်ထုတ်လုပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ယခု ဒီဇင်ဘာလ နောက်ဆုံးပတ်မှစတင်ပြီး ဒရုန်းများပြည်ကို ပြည်ပနိုင်ငံများမှတင်သွင်းနေပြီး ဒရုန်းဗုံးသီးများကိုလည်း စမ်းသပ်ထုတ်လုပ်နေသည် ဟု သတင်းများထွက်ပေါ်လာပြီးနောက် စစ်ရေးအရှိန်မြင့်နေသည့် ဒေသများတွင် ဒရုန်းများစတင် အသုံးပြုလာခြင်းဖြစ်သည်ဟု ကရင်နီပြည်နယ်တွင် တိုက်ပွဲ‌၀င်နေသည့် တော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးထံက သိရသည်။

“ခုတိုက်ပွဲတွေမှာ စစ်ကောင်စီက ကာမီကာဇေလို့ခေါ်တဲ့ ဒရုန်းတွေကို စသုံးနေတယ်။ အဲဒီဒရုန်းတွေက ရုရှားက Upgrade လုပ်ထားလို့ ပြင်းအားလည်းမြင့်တယ်”ဟု ကရင်နီနယ်တွင် တိုက်ပွဲ၀င်နေသည့် စစ်ရေးသတင်း ရင်းမြစ်တစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် ဒီဇင်ဘာ ၂၇ ရက်နေ့မှစပြီး စစ်ကိုင်းတိုင်း၊ ထီးချိုင့် မြို့နယ်အတွင်း တိုက်ပွဲများတွင် ယင်းဒရုန်းဗုံးများကို တန်ပြန် အသုံးပြုတိုက်ခိုက် လျက်သည်ဟု Tigyaing Revolution – TR ထံကသိရသည်။

ယင်းတိုက်ပွဲတွင် ရက္ခိုင်တပ်တော် (AA) က စစ်ကောင်စီ၏ ဒရုန်းနှစ်စီးကို ပစ်ချနိုင်ခဲ့ပြီး အဆိုပါဒရုန်းများသည် တရုတ်နိုင်ငံထုတ် ခြောက်လက်ဒရုန်းများဖြစ်သည်ဟု ဆိုထား သည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းအန္တရာယ်ကို ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် တန်ပြန်တိုက်စစ်ဆင်သည့်အနေဖြင့် ဒရုန်းသင်တန်းများကိုလျှို့ဝှက်လုပ် ဆောင်နေပြီး ကရင်နီပြည်နယ်တွင် ရှဟတ်ဟုခေါ်သည့် ကာမီကာဇေဒရုန်းများကို အသုံးပြုနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

၎င်းဒရုန်းများကို အီရန်နိုင်ငံမှ ထပ်မံမှာယူထားပြီး Satellite ဂြိုလ်တုများကို အိန္ဒိယနိုင်ငံကတစ်ဆင့် ရရှိ ထားသည်ဟုဆိုသည်။

“နေပြည်တော် မှာ လေကြောင်းရန်ကာကွယ်ရေးအတွက် အကြီးဆုံးတပ်ရှိတယ်။ အဲ့ဒီအထဲမှာ ဒရုန်းတွေကို တင်ထားတဲ့ ကွန်တိန်နာကား အစီးရေမနည်းဘူး။ အများကြီး ရောက်နေတာ။ ပစ္စည်းတွေတော့မချရသေးဘူး။ ရုရှားနဲ့ ဘီလာရုဘက်က ဒရုန်းတွေကို မှာထားတာလို့သိရတယ်။ ဘယ်လိုလက်ခံမယ်၊ ဘယ်သူကလက်ခံမယ်ဆိုတာ မသိရ သေးဘူး။ ဒီအတိုင်း ကွန်တိန်နာတွေကို ရပ်ထားတယ်”ဟု စစ်ရေးသတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်နေ့က လားရှိုးနှင့် နမ္မတူ ဆက်သွယ်ထားသည့် လမ်းမကြီးပေါ်သို့ Drop Bomb ချ တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်ဝေသူများက ၎င်းတို့၏ တယ်လီဂရန်ချယ်နယ်များတွင် ဖော်ပြထား သည်။

ဓာတ်ပုံ-လူမှုကွန်ရက် ၊ စစ်ကောင်စီလော်ဘီ တယ်လီဂရမ် ချယ်နယ်များ

#စစ်ကောင်စီ #ဒရုန်းများအသုံးပြု #တိုက်ခိုက်မှုပြုလုပ် #ဒရုန်းဗုံးများကပစ #စမ်းသပ်ထုတ်လုပ် #Ayeyarwaddy_Times