ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်
ရုရှားက ယူကရိန်းနိုင်ငံတစ်ဝှမ်း ဒုံးကျည်တွေ၊ မောင်းသူမဲ့လေယာဉ်တွေ အသုံးပြုပြီး ပမာဏကြီးမားတဲ့ ထိုးစစ်ဆင်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။
ယူကရိန်းပဋိပက္ခ စတင်ပြီးနောက်ပိုင်း အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒါဇင်နဲ့ချီတဲ့ပြည် သူတွေ သေဆုံးခဲ့တယ်လို့ ယူကရိန်းနိုင်ငံက ပြောပါတယ်။
ရုရှားဟာ စစ်တပ်မှာရှိတဲ့ လက်နက်အမျိုးအစားအားလုံးနီးပါးကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့ ယူက ရိန်းသမ္မတ ဇီလန်စကီးက ဒီဇင်ဘာလ ၂၉ ရက်မှာ လူမှုကွန်ရက်၌ ရေးသားခဲ့ပါတယ်။
ရုရှားရဲ့တိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့ရတဲ့ပစ်မှတ်တွေထဲမှာ ကိယက်ဗ်မြို့တော်၊ အရှေ့ပိုင်းရှိ ဒီပရိုနဲ့ ကာ ကိဗ်၊ အနောက်ပိုင်းရှိ Lvivနဲ့ တောင်ပိုင်းရှိ အိုဒက်ဆာမြို့တို့ ပါဝင်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။
မွေးဖွားလူနာဆောင်၊ ပညာရေးအဆောက်အအုံတွေ၊ ရှော့ပင်းစင်တာတစ်ခုနဲ့ အခြားနယ်မြေတွေ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။
ဒုံးကျည်အစင်း ၁၂၀ နဲ့ ဒရုန်း ၃၆ စင်းကို တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တယ်လို့ ယူကရိန်းလေတပ်ဖွဲ့က ပြောပါတယ်။ “ကျွန်တော်တို့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို သေချာပေါက် လက်တုံ့ပြန်မှာဖြစ်ပါတယ်” လို့ ဇီ လန်စကီးက ပြောပါတယ်။
ယခုထိုးစစ်ဆင်မှုဟာ ရုရှားရဲ့ အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုဖြစ်တယ်လို့ ယူကရိန်းလေတပ်ဖွဲ့ မှ တာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ပြီး ၁၆၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။ စစ်ဆင်ရေးကြောင့် ပစ်မှတ်အားလုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ရုရှားက ပြောပါတယ်။
ရုရှားကမ်းတက်ရေယာဉ်တစ်စင်း ပျက်စီးခဲ့ရတဲ့ အင်္ဂါနေ့က ခရိုင်းမီးယားဒေသက ဆိပ်ကမ်းတစ်ခုအပေါ် ယူကရိန်းရဲ့ ဒုံးကျည်တိုက်ခိုက်မှုတစ်ခုအတွက် ရုရှားရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုဖြစ်နိုင်တယ်လို့ လေ့လာသူတွေ က ပြောပါတယ်။
ကိုးကား – NHK
Ref; Russia launches ‘most-massive air attack’ on Ukraine