ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်

တရုတ်နိုင်ငံသားတွေအနေနဲ့ လုံခြုံရေးအန္တရာယ်ကြောင့် ဖြစ်နိုင်သမျှစောပြီး မြန်မာနိုင်ငံမြောက်ပိုင်း ကိုး ကန့်ဒေသရှိ လောက်ကိုင်မြို့ကနေ ထွက်ခွာကြဖို့ မြန်မာနိုင်ငံရှိ တရုတ်သံရုံးက ဒီဇင်ဘာလ ၂၈ ရက်မှာ တိုက် တွန်းခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှုနောက်ပိုင်း အကြီးမားဆုံး စစ်မြေပြင်စိန်ခေါ်မှုအဖြစ် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရပြီး အိမ်နီးချင်း တရုတ်နိုင်ငံကို စိုးရိမ် မှုတွေ ဖြစ်စေခဲ့ပါတယ်။

“မြန်မာနိုင်ငံ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုန်က လက်ရှိ လုံခြုံရေးအခြေအနေက ဆိုးရွားပြီး ရှုပ်ထွေး နေပါတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဒီဇင်ဘာလ ၂၈ ရက် ပုံမှန်သ တင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေက စိတ်ရှည်သည်းခံမှုကျင့်သုံးပြီး မြေပြင်မှာ တင်းမာမှုအ ခြေအနေ လျှော့ချကာ မြန်မာနိုင်ငံမြောက်ပိုင်းက လက်ရှိပဋိပက္ခကို ငြင်သာစွာ ဖြေရှင်းဖို့ တွန်းအားပေးမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံသားတွေ ဘေးအန္တရာယ်ကင်းရေး လုံခြုံရေး အာမခံဖို့လည်း မော်နင်က မြန်မာဒေသန္တရ အာ ဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

ဒီလအစောပိုင်းမှာ တရုတ်နိုင်ငံက မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကြား ငြိမ်းချမ်းရေး ဆွေး နွေးဖို့ စေ့စပ်ညှိနှိုင်းပေးခဲ့ရာ အပစ်အခတ်ရပ်စဲဖို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက သဘော တူခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်ဖျန်ဖြေမှု ပြုလုပ်ခဲ့လင့်ကစား မြောက်ပိုင်းမဟာမိတ်အဖွဲ့က မြန်မာစစ်အာဏာ ရှင်စနစ်ကို ဖြုတ်ချမယ့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှု သို့မဟုတ် အပစ်အ ခတ်ရပ်စဲရေးအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့တာမရှိပါဘူး။

ကိုးကား – Reuters
Ref; China urges nationals to leave north Myanmar region amid unrest

#Ayeyarwaddy_Times