နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နှင့် သီပေါမြို့ကိုဆက်သွယ်ထားသည့် မိုးတေ ချောင်းကူးတံတားကို ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက် နေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်က မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

မိုးတေချောင်းကူး တံတားသည် သီပေါမြို့ဘက်မှနေ၍ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့အတွင်းသို့ သွားလာရအဆင်ပြေသည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး ကုန်စည်စီးဆင်းမှု အတွက်အရေးပါသည့် တံတားတစ်စင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“မိုတေချောင်းကူ တံတားကို မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်က မိုင်းခွဲ ဖျက်ဆီးသွားတာ။ သီပေါအခြေစိုက် ခမရ-၅၀၃ တပ်နှင့် ခမရ -၅၀၄ တပ်တွေက မိုင်းခွဲသွားတာ။ ခရီးသွား ယာဥ်ကေားအခြားလူစီးကားတွေပါဖြတ်သန်းသွားလို့မရတော့ဘူး” ဟု နမ္မတူရှိ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သည် လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် သီပေါမြို့နယ်သို့ လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်၍ စစ်ရေးအရ အလွယ်တကူဝင်ရောက်လာနိုင်သည့် မိုးတေတံတားကို မိုင်းခွဲဖျက်ဆီးလိုက်ခြင်း ဖြစ်ကြောင်း ဒေသ သတင်းရင်းမြစ်များက ဆိုသည်။

မိုးတေတံတားကို စစ်ကောင်စီတပ်က မိုင်းခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါတံတားသည် သီပေါ- နမ္မတူ -မန်တုံ -နမ့်ဆန်မြို့များသို့ အဓိက ဆက်သွယ်ထားသည့် တံတားတစ်စီးဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ထုတ်ပြန်ထားသည်။

ပုံစာ-စစ်ကောင်စီတပ်ကမိုင်းခွဲဖျက်ဆီးခဲ့သည့် မိုးတေချောင်းကူးတံတား
#သီပေါနမ္မတူ #မိုးတေချောင်းကူးတံတား #စစ်ကောင်စီတပ် #မိုင်းခွဲဖျက်ဆီး #Ayeyarwaddy_Times