ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်

ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီ ဒေါ်လာ သန်း ၂၅၀ ပေးအပ်မယ်လို့ အမေရိကန်အစိုးရက ဒီဇင် ဘာလ ၂၇ ရက်မှာ ကြေညာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း အပြီးသတ်ဖြစ်တဲ့ ယခုစစ်ရေးအကူအညီထဲမှာ လေကြောင်းရန်ကာကွယ်ရေးလက် နက်တွေ၊ သံချပ်ကာဖျက်လက်နက်တွေ၊ အမြောက်ကျည်တွေနဲ့ လက်နက်ငယ်ကျည်ဆံ ၁၅ သန်းကျော် ပါဝင်မယ် လို့ အမေရိကန်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

“ယူကရိန်းနိုင်ငံဟာ ရုရှားကျူးကျော်စစ်ကနေ ခုခံကာကွယ်နေရတာကြောင့် ကျွန်တော်တို့ရဲ့ စစ်ရေးအ ကူအညီက ယူကရိန်းနိုင်ငံအတွက် အရေးကြီးပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပြီး ယူကရိန်းသို့ အကူအညီထပ်ပေးရေး အမြန်ဆုံး အတည်ပြုဖို့ ကွန် ဂရက်ကို တိုက်တွန်းလိုက်ပါတယ်။

“ယူကရိန်းနိုင်ငံက ပိုင်နက်နယ်မြေနဲ့ပြည်သူကို ကာကွယ်ဖို့ ထပ်တိုး စစ်လက်နက်အကူအညီတွေ ကြေ ညာမှုနဲ့အတူ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ယူကရိန်းက ကာကွယ်ရာမှာ ကူညီပေးဖို့ အမေရိကန်နိုင်ငံရဲ့ က တိကဝတ်ဖြစ်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီလအစောပိုင်းမှာ အိမ်ဖြူတော်၌ ယူကရိန်းသမ္မတ ဇီလန်စကီးကို လက် ခံတွေ့ဆုံပြီးနောက် ယူကရိန်းသို့ စစ်ရေးအကူအညီပေးဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ယူကရိန်းရဲ့ မဟာမိတ်နိုင်ငံတွေက ရုရှားကျူးကျော်စစ်ပွဲ စတင်ပြီးနောက်ပိုင်း ယူကရိန်းသို့ ငွေကြေး ထောက်ပံ့မှု တစ်ဖြည်းဖြည်း လျှော့ချခဲ့တယ်လို့ ဂျာမနီနိုင်ငံအခြေစိုက် Kiel Institute က ပြောပါတယ်။

အမေရိကန် နယ်စပ်လုံခြုံရေးနဲ့ပတ်သက်လို့ ဒီမိုကရက်အမတ်တွေနဲ့ အငြင်းပွားမှုတစ်ခု ဖြစ်ပွားခဲ့တာ ကြောင့် အထက်လွှတ်တော်ရှိ ရီဗက်ပလီကင်အမတ်တွေက ဒီလအစောပိုင်းမှာ ယူကရိန်းသို့ ထပ်တိုးရန်ပုံငွေ ထောက်ပံ့မယ့်အစီအစဉ်ကို ပိတ်ပင်ခဲ့ပါတယ်။

ဥရောပသမဂ္ဂက ယူကရိန်းသို့ ဒေါ်လာ ၅၅ ဘီလီယံ ထောက်ပံ့မယ့်အစီအစဉ်ကို ဟန်ဂေရီနိုင်ငံက ဒီဇင် ဘာလ ၁၄ ရက်မှာ ပိတ်ပင်ခဲ့ပါတယ်။

ကိုးကား – CBS News
Ref; Biden announces $250 million in additional military aid for Ukraine

#Ayeyarwaddy_Times