ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်

အမေရိကန်ရေတပ်မှ စစ်သင်္ဘောတစ်စင်းက ကြာသပတေးနေ့ညပိုင်းမှာ ပင်လယ်နီအတွင်း ပဲ့ထိန်းဒုံး ကျည်တစ်စင်းနဲ့ မောင်းသူမဲ့လေယာဉ်တစ်စင်းကို ပစ်ချခဲ့တယ်လို့ တာဝန်ရှိသူတေွက အတည်ပြုပါတယ်။

USS Mason သင်္ဘောဟာ ပင်လယ်နီတောင်ပိုင်းမှာ အီရန်နိုင်ငံက ကျောထောက်နောက်ခံပြုထားတဲ့ ဟူ သီအဖွဲ့ ပစ်လွှတ်လိုက်တဲ့ ဒရုန်းတစ်စင်းနဲ့ သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်ချခဲ့တယ်လို့ အမေရိကန် ဗ ဟိုစစ်ဌာနချုပ်က ပြောပါတယ်။

ဒရုန်းနဲ့ဒုံးကျည်ကို ပစ်ချချိန်မှာ ကုန်တင်သင်္ဘောအများစု အပါအဝင် ထိုဧရိယာမှာ သင်္ဘော ၁၈ စင်း ရှိ နေပြီး သင်္ဘောတွေ ထိခိုက်ပျက်စီးတာ၊ လူတွေဒဏ်ရာရရှိတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

ယခုဖြစ်စဉ်ဟာ အောက်တိုဘာလနှောင်းပိုင်းနောက်ပိုင်း နိုင်ငံတကာရေပိုင်နက်မှာ ဟူသီအဖွဲ့က ၂၂ ကြိမ် မြောက် တိုက်ခိုက်ဖို့ ကြိုးပမ်းမှုဖြစ်ပါတယ်။

ပင်လယ်နီအတွင်း ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ တိုးလာတာကြောင့် ပင်လယ်ရေကြောင်း လုံခြုံရေးအ တွက် နိုင်ငံတကာအထူးလုပ်ငန်းတပ်ဖွဲ့ ဖွဲ့စည်းကြောင်း အမေရိကန်နိုင်ငံက မကြာသေးမီက ကြေညာခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ ကနဉီးရည်ရွယ်ချက်က ယီမင်နိုင်ငံမှာ ပိုင်နက်နယ်မြေအများစုကို ထိန်းချုပ်ထားတဲ့ ဟူသီအဖွဲ့ကို တိုက်ခိုက်ဖို့ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တာဝန်ရှိသူတွေက ပြောပါတယ်။

ပင်လယ်နီအတွင်း ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့တယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ် ပက်ထရစ်ရိုင်ဒါက ဒီလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ကိုးကား – ABC News
Ref; US shoots down Houthi drone, ballistic missile in Red Sea

#Ayeyarwaddy_Times