မြရာ/ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ထားသည့် လားရှိုးမြို့မကျစေရေးအတွက် မည်သည့်နည်းနှင့်မဆို မဖြစ်မနေကာကွယ်ရမည်ဟု စစ်ကောင်စီက ညွှန်ကြား ထားကြောင်း စစ်ရုံးချုပ်နှင့်နီးစပ်သူထံက သိရသည်။

ဗျူဟာကုန်းနှင့် အခိုင်အမာတပ်စခန်းများရှိသည့် နမ္မတူမြို့ကို မဟာမိတ်အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက် လားရှိုးမြို့ကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းမရှိစေရန် သက်စွန့်ဆံဖျားကာကွယ်ပြီး အချုပ်အခြာ အာဏာထိပါးသူတွေကို ပြတ်ပြတ်သားသားချေမှုန်းရမည်ဟု စစ်ကောင်စီ က ညွှန်ကြားထားသည်ဟု ဆိုသည်။

စစ်ကောင်စီသည် နမ္မတူမှဆုတ်ခွာလာသည့် တပ်နှင့်စစ်ကြောင်းများကို လားရှိုးမြို့ အတွင်း ၀ငျရောကျတပျစှဲစပွေီး ရှမ်းမြောက်အတွင်း ပြန့်ကြဲနေသည့်စစ် ကြောင်း များကိုလည်း လားရှိုးမြို့တွင် စုဝေးစေပြီး ခံစစ်ပြင်ဆင်နေကြောင်း ရှမ်းမြောက်ရှိ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ထို့အပြင် ညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းယူထားသည့် မြို့များအတွင်းမှ ထွက်ပြေး လာသည့် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ၀န်ထမ်းများကိုလည်း နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးခြင်းမရှိဘဲ လားရှိုးမြို့တွင် ဆက်လက်ထားရှိပြီး စစ်ကောင်စီ တပ်သားများကို ၎င်းတို့နှင့်သက်ဆိုင်ရာ တပ်အတွင်းသို့ပို့ဆောင်၍ မြို့ကိုကာကွယ်ခိုင်း ထားကြောင်း သိရသည်။

“ရှမ်းပြည်မြောက်ပိုင်းတစ်ခုလုံးအနေနဲ့ ဗျူဟာမြောက် စိတ်၀င်စားဖို့ကောင်းတဲ့နေရာက လားရှိုးမြို့ ဖြစ်တယ်။ ပြီးတော့ ရမခ တိုင်းအခြေစိုက်ဖြစ်တာကြောင့် လားရှိုးရရင် ရှမ်းမြောက်တစ်ခုလုံးရတယ်လို့ တောင်ပြောနိုင်တယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ခံစစ်ပြင်ဆင်ထားသည့် အဆိုပါလားရှိုးမြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဌာ နဆိုင်ရာများမှ ၀နျထမျးနှင့ျ မိသားစု၀င်များသည် လားရှိုးမြို့အတွင်းမှနေ၍ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြောင်း မြို့ခံများထံက သိရသည်။

ယခုလက်ရှိတွင် စစ်ကောင်စီက လားရှို့မြို့အ၀င်အထွက်ကို အထူးစိစစ်နေပြီး မှတ်ပုံတင်နှင့် ခရီးသွားလာခွင့် ထောက်ခံချက်များပါမှသာ မြို့တွင်းသွားလာခွင့် ပြုကြောင်း သိရသည်။

စစ်ခေါင်းဆောင်သည် ရှမ်းမြောက်ဒေသရှိ လောက်ကိုင်နှင့် မူဆယ်တို့၌ စစ်ရေး ပြင်ထန်နေချိန် ယခုဒီဇင်ဘာလဆန်းပိုင်းက လားရှိုးမြို့ရှိ တပ်မိသားစု၀င်များနှင့် ဌာနဆိုင်ရာ၀န်ထမ်းများကို သေနတ်ခါးကြားထိုး၍ သွားရောက်တွေ့ဆုံခဲ့သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)သည် လားရှိုးမြို့တွင်အခြေစိုက်သည့် တိုင်းစစ်ဌာန ချုပ်တစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်ထိစပ်နေသော ဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များကို အဓိကတာဝန်ယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ-လားရှိုးမြို့၊ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့က လားရှိုးမြို့သို့ စစ်ခေါင်းဆောင် သွားရောက်စဉ်
#ရှမ်းမြောက် #လားရှိုး #ရမခ #စစ်ကောင်စီ #ခံစစ်ပြင်ဆင် #Ayeyarwaddy_Times