ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ ဇူလိုင်လ ၂၅ ရက်နေ့က မြစ်ကမ်းပါးပြိုကျလာလို့ နေအိမ် ၃၃ လုံးအရေးပေါ်ရွှေ့ပြောင်း ခဲ့ရတယ်လို့ သိရပါတယ်။

ကဿဝင်ကျေးရွာအုပ်စုနဲ့ တောကျောင်းကျေးရွာအုပ်စုထဲက ကျေးရွာထဲက ဒေသခံပြည်သူတွေဟာ ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုတွေဖြစ်ပေါ်လာတောကြောင့် နေအိမ် ၃၃ လုံးကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

” ဒီလထဲမှာတော့ ဖြစ်တာများတယ် မိုးတွင်းဆိုရင်တော့ မြစ်ရေတိုက်စားတော့ ကမ်းပါပြိုကျတာတွေ မြေပြိုတာတွေရှိတော့ မလွတ်ဘူးဆို ကြိုပြောင်းရတဲ့သဘောပါ”လို့ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာနကတာဝန်ရှိသူတဦးက ပြောပါတယ်။

ပြောင်းရွှေ့ရတဲ့နေအိမ်တွေကပြည်သူတွေကို တပတ်စာ စားနပ်ရိက္ခာအတွက် ဌာနအနေနဲ့ ထောက်ပံ့တာတွေလည်း ပြုလုပ်ပေးထားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ မြစ်ကမ်းပါးပြိုကျမှုကြောင့် အရေးပေါ် ရွှေ့ပြောင်းခဲ့ရတဲ့ နေအိမ် ၃၃ လုံးကပြည်သူတွေဟာ ကျေးရွာ ဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးတွေရဲ့နေအိမ်တွေမှာ ယာယီနေထိုင်နေရတယ်လို့ သိရပါတယ်။