ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်

ကိုယ်ပျောက်ဂျက်တိုက်လေယာဉ် ၂၀ စင်း ထပ်မံ ဝယ်ယူဖို့ အမေရိကန်နိုင်ငံနဲ့ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံက ယနေ့ ပြောကြားလိုက်ပါတယ်။

အမေရိကန်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ လော့ဟိမာတင်နဲ့ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေး ထိုးကြောင်း တောင်ကိုရီးယားနိုင်ငံက ကြေညာခဲ့ပါတယ်။ သဘောတူညီချက်အရ တောင်ကိုရီးယားနိုင်ငံက ကမ္ဘာ့ ခေတ်အမီဆုံး ကိုယ်ပျောက်တိုက်လေယာဉ်တစ်မျိုးဖြစ်တဲ့ F-35A လေယာဉ်တွေ ရရှိမယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေ တုံ့ပြန်နိုင်မယ့် စွမ်းဆောင်ရည်တွေ တိုးမြှင့်ဖို့ကြိုးပမ်းနေစဉ် တောင်ကိုရီးယားနိုင်ငံက ခေတ်မီ ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူလိုက်တာဖြစ်ပါတယ်။

သဘောတူညီချက်ကို ဒီလအစောပိုင်းမှာ လက်မှတ်ရေးထိုးခဲ့ပြီး ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေ ပေးပို့မှုကို ၂၀၂၇ ခုနှစ်မှာ စတင်မှာဖြစ်ပါတယ်။

ဒေသတွင်း အမေရိကန်နိုင်ငံရဲ့ အရေးပါဆုံး မဟာမိတ်တစ်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း ဝယ်ယူခဲ့တဲ့ F-35A ကိုယ်ပျောက်ဂျက်တိုက်လေယာဉ် ၃၉ စင်း ရှိပါတယ်။

၂၀၁၄ ခုနှစ် သဘောတူညီချက်တစ်ရပ်အရ တောင်ကိုရီးယားနိုင်ငံက F-35A ကိုယ်ပျောက်ဂျက်တိုက်လေ ယာဉ် အစင်း ၄၀ ဝယ်ယူခဲ့ပေမယ့် တစ်စင်းကတော့ ပြီးခဲ့တဲ့နှစ်အတွင်း ငှက်တစ်ကောင်နဲ့တိုက်မိပြီးနောက် ပျက် စီးသွားခဲ့ပါတယ်။

F-35 ဂျက်တိုက်လေယာဉ်တစ်စင်း စက်ချို့ယွင်းမှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရပြီးနောက် တောင်ကို ရီးယားနိုင်ငံက ပြီးခဲ့တဲ့နှစ်အတွင်း အဆိုပါလေယာဉ်အုပ်တစ်ခုလုံးကို အနားပေးခဲ့ပါတယ်။

ကိုးကား – Anadolu
Ref; South Korea signs contract with US for 20 more stealth fighter jets

#Ayeyarwaddy_Times