ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံများဖြစ်သောHaubo Times ၊ He Shan နဲ့ Noth Shore စက်ရုံ သုံးရုံကို ဒီဇင်ဘာလ အတွင်း ဆက်တိုက်ပိတ်သိမ်းလိုက်သောကြောင့် လုပ်သား ၃၀၀၀ကျော်အလုပ်လက်မဲ့ ဖြစ်သွားကြောင်းသိရှိရသည်။

” အော်ဒါထည်တွေမရတော့လို့ ပိတ်လိုက်တာလို့ပြောတယ်။ လောလောဆယ်ယာယိီပိတ်မယ်လို့ ပြောပေမယ့် ခုခေတ်အခြေအနေနဲ့ကဖွင့်ဖို့မလွယ်ဘူးထင်တယ်။ ကျန်တဲ့စက်ရုံတွေလဲ လက်ကျန်အော်ဒါလေးတွေပြီးရင် ပိတ်ဖို့များနေတယ်”ဟုစက်ရုံလုပ်သားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

အထည်ချုပ်စက်ရုံများ ပိတ်သိမ်းခဲ့ပြီး နောက်ပိုင်း အလုပ်သမားများကို သုံးလစာနစ်နာကြေးနှင့် နို့တစ်ကြေးများ ထုတ်ပေးခဲ့ပြီး လုပ်သက် တစ်နှစ် မပြည့်သူများကို တစ်လစာ သာရရှိကြောင်း အထည်ချုပ်လုပ်သားများထံမှသိရှိရသည်။

ပိတ်သိမ်းလိုက်သော အထည်ချုပ်စက်ရုံသုံးရုံသည် တရုတ်နိုင်ငံသားများ ပိုင်ဆိုင်ခြင်းဖြစ်ပြီး အလုပ်သမား ၃၀၀၀ ကျော်ရှိကာ ပုသိမ်မြို့နှင့် ကျေးရွာများအခြားမြို့ နယ်များမှအဆောင်တွင်နေထိုင်၍ လာရောက်လုပ်ကိုင်သူများကြောင်း သိရသည်။

“ကြားတာတော့ ကျွန်မတို့စက်ရုံကခုတော့မပိတ်သိမ်းသေးပေမယ့် အော်ဒါတွေ ကုန်သွားရင် ကမ္ဘောဒီးယား နိုင်ငံကို ပြောင်းဖွင့်မယ်ကြားတယ်။ ဒီက လိုက်လုပ်မယ့်သူ၅၀လောက်တော့ ရွှေးပြီးခေါ်ဖို့ ရှိလို့ပြောတယ်။ အရင်ကဆို

ကျေးရွာတွေမှာ အထည်ချုပ်ဆင်းကြတာအဆင်ပြေကြတယ်၊ ခုဆို အလုပ်လက်မဲ့တွေများပြီး ဘာတွေ လုပ်ကိုင်ရမှန်းမသိတွေဖြစ်နေပြီ”ဟုပုသိမ်အထည်ချုပ်စက်ရုံ မှ ၀န်ထမ်းအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။

ပုသိမ်မြို့ရှိ မပိတ်သိမ်းသေးသောအထည်ချုပ်စက်ရုံများတွင် အော်ဒါထည်များနည်းပါးလာခြင်း၊ လျှပ်စစ်မီးပုံမှန်မရရှိခြင်းတို့ကြောင့် လာမည့်မတ်လအတွင်း လုပ်သားလျှော့ချခြင်းနှင့် စက်ရုံပိတ်သိမ်းခြင်းများ ဖြစ်လာနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များနှင့်နီးစပ်သူများက သုံးသပ်ပြောဆိုထားသည်။

#ပုသိမ်မြို့ #အထည်ချုပ်စက်ရုံ၃ရုံ #ပိတ်သိမ်းသဖြင့် #အလုပ်သမား #၃၀၀၀ကျော် #အလုပ်လက်မဲ့ဖြစ်
#Ayeyarwaddy_Times