
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်
ဆီးရီးယားနိုင်ငံမှာ အစ္စရေးနိုင်ငံကလုပ်ဆောင်တဲ့ ဒုံးကျည်တိုက်ခိုက်မှုတစ်ခုအတွင်း တော်လှန်ရေးအ စောင့်တပ်ဖွဲ့ရဲ့ အကြီးတန်းတပ်ဖွဲ့ဝင်တစ်ဉီး သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံက ပြောပါတယ်။
တော်လှန်ရေးအစောင့်တပ်ဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်တစ်ရပ်ကို အီရန်နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ လ ၂၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံရှိ တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ အကြီးတန်းအကြံပေး ဆေယက်ရာဇီမိုဆာဗီဟာ ဆီး ရီးယားနိုင်ငံရဲ့မြို့တော် ဒမာစကပ်မြို့တော် ဆင်ခြေဖုံးဒေသမှာ အစ္စရေးရဲ့ ဒုံးကျည်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
အီရန်သမ္မတ အီဘရာဟင်ရိုင်စီက အစ္စရေးနိုင်ငံရဲ့ ဒုံးကျည်တိုက်ခိုက်မှုကို အငြိုးထားသော အပြုအမူ တစ်ခုအဖြစ် ပြောဆိုလိုက်ပြီး အစ္စရေးနိုင်ငံက သေချာပေါက် တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ ဆိုပါတယ်။
အစ္စရေးနဲ့ အမေရိကန်နိုင်ငံကို ရန်လိုသော စစ်သွေးကြွအဖွဲ့တွေကို မိုဆာဗီက အကြံပေးခဲ့တယ်လို့ သိရ ပြီး အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ အထူးစစ်ဆင်ရေးအဖွဲ့ဖြစ်တဲ့ Quds Force အဖွဲ့ဝင်ဖြစ်ပါတယ်။
မိုဆာဗီဟာ ၂၀၂၀ ပြည့်နှစ်အတွင်း အမေရိကန်တပ်ဖွဲ့ရဲ့ လုပ်ကြံသတ်ဖြတ်မှုခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီး ကာ ဆင်းဆူလေမန်နီရဲ့ ရဲဘော်ရဲဘက်တစ်ဉီးလည်း ဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံ၌ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အကြီးတန်းတပ်ဖွဲ့ဝင်နှစ်ဉီး သေဆုံးခဲ့ တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဒီလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပါလက်စတိုင်း စစ်သွေးကြွအ ဖွဲ့ ဟားမာစ်ကို အီရန်နိုင်ငံက ထောက်ခံအားပေးပါတယ်။
အစ္စရေးနဲ့အီရန်ကြား အပြန်အလှန် လက်တုံ့ပြန်မှုတွေကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ မတည်ငြိမ်မှု တွေ ပိုဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ကိုးကား – NHK
Ref; Iran says senior Revolutionary Guards adviser killed in Israeli attack in Syria