ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်
အမေရိကန် အောက်လွှတ်တော်နာယက နန်စီပီလိုစီ ထိုင်ဝမ်သို့ သွားရောက်လည်ပတ်ပါက တရုတ်စစ် တပ်က အခန့်သားထိုင်ကြည့်နေမှာမဟုတ်ဖူးလို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦး က သတိပေးလိုက်ပါတယ်။
ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမျာ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုကို တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တန်ကီဖေက အခုလို မှတ်ချက်ပြုခဲ့တာပါ။
အမေရိကန်က ထိုင်ဝမ်သို့ သွားရောက်မယ်ဆိုရင် တရုတ်စစ်တပ်က ထိုင်ဝမ့်လွတ်လပ်ရေး ဒါပေမယ့် ပြည်ပစွက်ဖက်မှုကို ဟန့်တားဖို့ ပြင်းထန်တဲ့အရေးယူမှုတွေ လုပ်ဆောင်ကာ အချုပ်အချာအာဏာနဲ့ ပိုင်နက်နယ် မြေကို ကာကွယ်စောင့်ရှောက်မယ်လို့ သူက ဆိုပါတယ်။
ပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကို ကန့်ကွက်တယ်ဆိုတာ တရုတ်နိုင်ငံက အမေရိကန်ကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီးဖြစ်တယ်လို့ ၄င်းက ပြောပါတယ်။
“အောက်လွှတ်တော်နာယက ပီလိုစီ ထိုင်ဝမ်ကို သွားမယ်ဆိုရင် တရုတ်တစ်နိုင်ငံတည်းမူဝါဒနဲ့ တရုတ်-အမေရိကန် ပူးတွဲသဘောတူညီချက်သုံးခုကို ချိုးဖောက်ပြီး တရုတ်နိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ ပိုင်နက်နယ်မြေ တည်ကြည်မှုကို ထိခိုက်နစ်နာစေကာ တရုတ်-အမေရိကန်ဆက်ဆံရေး အခြေခံအုတ်မြစ်ကို ထိခိုက်စေမယ်လို့ ဗိုလ်မှူးကြီး တန်ကီဖေက ပြောပါတယ်။
အဆိုပါခရီးစဉ်ဖြစ်လာရင် နှစ်နိုင်ငံကြား၊ စစ်တပ်နှစ်ခုကြားဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက်စေပြီး ထိုင် ဝမ်ရေလက်ကြားတစ်လျောက် တင်းမာမှုတွေ ထပ်မံမြင့်တက်လာနိုင်တယ်လို့ သူက ဆိုပါတယ်။
ကိုးကား – The Straits Times
Ref; Chinese military will not sit back if Pelosi visits Taiwan: Defence spokesperson