ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်
စစ်ကောင်စီရဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို ကွက်မျက်မှုအား တုံ့ပြန်မှုအဖြစ် မလေးရှားနိုင် ငံက အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ မြန်မာနိုင်ငံ တက်ရောက်တာကို ဆန့်ကျင်မယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောကြားလိုက်ပါတယ်။
မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေကို အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးတွေကို မဖိတ်ကြားဖို့ မလေးရှားနိုင်ငံရဲ့ ယခင်ရပ်တည်ချက်ကို အရှိန်မြှင့်လိုက်တာပဲဖြစ်ပါတယ်။
“အာဆီယံ ဝန်ကြီးအဆင့်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံက နိုင်ငံရေးကိုယ်စားလှယ် စေလွှတ်မှုကို ခွင့် မပြုဖို့ အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်” လို့ ဆိုင်ဖူဒင်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။ အစောပိုင်း မှာ ဆိုင်ဖူဒင်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလန်းဟေဇာနဲ့ တွေ့ဆုံခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားလေးဦးကို ကွက်မျက်မှုက အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အပါအဝင် မြန်မာ့ အကျပ်အတည်းဖြေရှင်းဖို့ အာဆီယံရဲ့ကြိုးပမ်းမှုတွေအတွက် အဓိက ထိုးနှက်ချက်တစ်ခုဖြစ်တယ်ဆိုတာ ၄င်းတို့ နှစ်ဦးက သဘောတူခဲ့တယ်လို့ ဆိုင်ဖူဒင်က ပြောပါတယ်။
“စစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက်ကို ပျက်ရယ်ပြုမယ်ဆိုရင် ကျွန်တော်တို့ကလည်း စစ် ကောင်စီကို ပြင်းပြင်းထန်ထန် အရေးယူရမယ်” လို့ သူက ဆိုပါတယ်။
သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ နိုလန်းဟေဇာက စစ်ကောင်စီရဲ့ ကွက်မျက်မှုက လူတစ် ယောက်ရဲ့ အခွင့်အရေး၊ လွတ်လပ်မှုနဲ့ လုံခြုံမှုကို အရှက်မရှိချိုးဖောက်မှုတစ်ခုလို့ ပြောပါတယ်။
ကိုးကား – Malay Mail
Ref; Malaysia to block Myanmar leaders from Asean meets over killing of activists