ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်

အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလေးဦးကို ကွက်မျက်မှုက အာဆီယံအဖွဲ့ရဲ့ အ မျိုးသား ပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းမှုတွေအတွက် စိုးရိမ်ဖွယ်ရာ ပြဿနာတစ်ခုဖြစ်တယ်လို့ စင်ကာပူ နိုင် ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က ပြောကြားလိုက်ပါတယ်။

“ဒီကွက်မျက်မှုဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ အဖြေရှာရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အာ ဆီယံရဲ့ကြိုးပမ်းမှုတွေအတွက် စိုးရိမ်ဖွယ်ရာကိစ္စတစ်ခုဖြစ်ပါတယ်” လို့ ဗီဗီယန်က ဖေ့စ်ဘုတ်မှာ ရေးသားခဲ့ပါ တယ်။
သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား တွေအားလုံး လွှတ်ပေးဖို့ ကျွန်တော်တို့ ထပ်မံ တောင်းဆိုပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေပြုလုပ်မှသာ အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားလေးဦးကို ကွက်မျက်မှုက ပြစ်တင်ရှုတ်ချထိုက်တယ်လို့ အာဆီယံအဖွဲ့က ပြင်းထန် တဲ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီးနောက် ၄င်းက အခုလို မှတ်ချက်စကားတွေ ရေးသားခဲ့တာဖြစ်ပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာကလည်း ကွက်မျက်မှုကို ရှုတ်ချခဲ့ပြီး ဒီလိုလုပ်ဆောင် တာဟာ လူသားမဆန်တဲ့ပြစ်မှုတစ်ခု ကျူးလွန်တာလို့ ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက တရားရုံးလုပ်ငန်းစဉ်အရ လူလေးဦးကို သေဒဏ်ပေးခဲ့တာဖြစ် ပြီး ကွက်မျက်ခံရသူတွေက ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေမဟုတ်ဘဲ ပြစ်ဒဏ်နဲ့ထိုက်တန်တဲ့ လူသတ်သမား တွေဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ တစ်ခြား သေဒဏ်ပေးတဲ့အမှုတွေနဲ့ယှဉ်မယ်ဆိုရင် သူတို့ဟာ သေဒဏ်ကြိမ်ဖန်များစွာ ပေးသင့်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်” လို့ ဇော်မင်းထွန်းက ပြောပါတယ်။

ကိုးကား – CNA
Ref; Myanmar executions a ‘grave setback’ for ASEAN efforts to facilitate peace: Vivian Balakrishnan