ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မှာ ဇူလိုင်လ ၂၆ ရက်နေ့ညပိုင်းက ဒေးဒရဲတံတားအဆင်းမှာရှိတဲ့ စစ်ဆေးရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဖျာပုံမြို့ဘက်ကနေ ရန်ကုန်ကိုသွားရင် ဖြတ်သန်းရတဲ့ ဒေးဒရဲတံတားအဆင်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုတွေက ည ၈ နာရီ ၂၀ လောက်မှာ ဗုံး ၂ လုံးဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ ကျွန်တော်တို့က ညပိုင်းအပြင်ထွက်လာတာ အဲ့အချိန်မှာ ထပေါက်တာ လမ်းထိပ်လောက်မှာတင် အိမ်ပြန် ပြေးရတယ် မီးကလည်းပြတ်နေတော့ ဘယ်နေရာပေါက်တယ်ဆိုတာ သေချာမသိလိုက်ရဘူး တံတားအဆင်း ဖြစ်ဖို့များတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

တံတားအဆင်းစစ်ဆေးရေးဂိတ်နားမှာပေါက်ကွဲခဲ့တဲ့ ဗုံး ၂ ကြောင့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိ မရှိကိုတော့ အတည်ကျမသိရသေးဘူးလို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက မြို့ကို စစ်ကားတွေနဲ့ပတ်သက်ပြီး စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။