ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်
စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းမှာ သေဒဏ်စီရင်ချက်ချပြီး ကြိုးပေးစီရင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် မိသားစု၏ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ နေအိမ်ကို ဇူလိုင်လ ၂၇ ရက်နေ့ နေ့လည်ပိုင်းမှာ ဘာသာရေးအစွန်းရောက်တွေနဲ့ အမျိုးသားရေးအစွန်းရောက်ဆိုသူတွေက ခဲနဲ့ လာပေါက်ခဲ့ကြပါတယ်။
ဒီလိုမျိုးပြုမှုဆောင်ရွက်မှုတွေကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက လာရောက်ထိန်းသိမ်း ဖမ်းဆီးတာမျိုးတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လူကိုကြိုးမိန့်ပေးတဲ့အပြင် နေအိမ်ကိုပါ ခဲနဲ့ပေါက်ခိုင်းတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ လက်ခံနိုင်စရာမရှိဘူးလို့ နိုင်ငံရေးတက်ကြွသူတွေက ပြောပါတယ်။
ခဲနဲ့လာပေါက်သူတွေဟာ မဘသအဖွဲ့ဝင်တွေနဲ့ ဘာသာရေးအစွန်းရောက်တွေလို့ ဒေသခံတွေကပြောဆိုပေမယ့် သီးခြားအတည်ပြုနိုင်ဖို့ဆက်လက်မေးမြန်းနေပါတယ်။
လက်ရှိမှာစစ်ကောင်စီက ရန်ကုန်မြို့လယ်မှာရှိတဲ့ မြို့နယ်တွေဖြစ်တဲ့ ဗိုလ်တထောင်နဲ့လမ်းမတော်မြို့နယ်တွေမှာ လူ ၅ ဦးထပ်ပိုမစုဖို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။