ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်တွင် ရခိုင်ရိုးမနှင့် ထိစပ်နေသည့် တောင်ပေါ်သို့ တော်လှန်ရေးအဖွဲ့များ ရောက်နေသည်ဟုဆိုကာ စစ်ကောင်စီတပ်မှ အင်အား၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး၍ အနီးကျေးရွာများ၌ တပ်စွဲနေကြောင်း ဒေသခံများထံကသိရသည်။

မြန်အောင်အခြေစိုက် ခမရ-၅၁ မှအင်အား ၁၀၀ နီးပါးဖြင့် ယမန်နေ့ နံနက်ပိုင်းမှစ၍ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။

“တောင်ပေါ်မှာPDFတွေအင်အားအများကြီးရောက်နေတယ်ဆိုပြီးတော့စစ်တပ်က တနေကုန်လုံးစစ်ကြောင်းထိုးနေတာ။ညနေပိုင်းလောက်မှရွာအနားပြန်ဝင်လာတယ်”ဟု ဘန့်ဘွေးကုန်းကျေးရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘန်ဘွေ့ကုန်းကျေးရွာနှင့် တပ်ကုန်းကျေးရွာတို့၏ဘုန်းကြီးကျောင်းတွင် တပ်စွဲနေကြောင်းကျေးရွာဒေသခံများထံကသိရသည်။

“ မနေ့ညနေပိုင်းထဲကစစ်တပ်တွေရွာအနားမှာတပ်စွဲထားတယ်။ ကင်းပုန်းဝပ်စောင့်နေတာတညလုံးပဲ။ ဒီနေ့အထိ တစ်ယောက်မှတပ်မရုပ်သေးဘူး”ဟု တပ်ကုန်းကျေးရွာဒေသခံတစ်ဦးကဆိုသည်။

ဧရာဝတီတိုင်းအတွင်းရှိ ရိုးမနှင့် ထိစပ်နေသော မြို့နယ်များတွင် မကြာခဏဆိုသလို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ပြုလုပ်နေကြောင်းသိရသည်။

#မြန်အောင်မြို့နယ် #ရိုးမ #တော်လှန်ရေးအဖွဲ့များ #ရောက်ရှိနေသည်ဟုဆိုကာ #စစ်ကောင်စီတပ် စစ်ကြောင်းထိုး #Ayeyarwaddy_Times