
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဆားလင်းကြီးမြို့ နှင့် ပုလဲမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှုးရုံးများ (ထွေအုပ်ရုံးများ) နှင့် ရဲစခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ ထွေအုပ်ရုံးများနှင့် ရဲစခန်းများကို ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် ပိုင်းက စတင်၍ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ထွေအုပ် ဝန်ထမ်းများနှင့် ရဲအချို့ထိခိုက်ဒဏ်ရာရမှုများရှိပြီး အသေးစိတ်ကို သိရှိနိုင်ရန် စုံစမ်းလျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များ ထံကသိရသည်။
“မနေ့က မနက် ၁၀ နာရီကျော်လောက်မှာ ပုလဲမြို့က ထွေအုပ်ရုံးကို စတင်ဗုံးကြဲ တိုက်ခိုက်တာပါ။ ပထမ နှစ်လုံး သွားချတယ်။ နေ့လည် ၂ နာရီကျော်မှာ နှစ်လုံး ထပ်ချခဲ့တယ်။ နောက် ၂နာရီခွဲမှာ ငါး လုံးထပ်ချနိုင်ခဲ့တယ်” ဟု ဒေါင်းတမန် လေကြောင်း စစ်ဆင်ရေး ဒရုန်းတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့ပြင့် မုံရွာမြို့ရှိ သာစည်မြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးခြောက်လုံးကြဲခဲ့ပြီး ဆားလင်းကြီး မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကိုလည်း ဗုံး နှစ်လုံးကြဲချခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှု့ကို မုံရွာခရိုင်တပ်ရင်းတပ်ရင်း (၂၄) တပ်ခွဲ-၃ ၊ SSTFမြိုင်ပကဖ၊ ဆားလင်းကြီးမြို့နယ်ပကဖ နှင့် ကျောက်လုံးကြီး KLG တပ်ဖွဲ့များက ပူးပေါင်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ပုံစာ-အသုံးပြုခဲ့သည့်ဗုံးသီးများ
#မုံရွာဆားလင်းကြီးပုလဲမြို့ #ထွေအုပ်ရုံးနှင့်ရဲစခန်းများ #တော်လှန်ရေးတပ်ဖွဲ့များ #ဒရုန်အသုံးပြုတိုက်ခိုက် #Ayeyarwaddy_Times