ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ ရက်

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီကျွန်းပေါ်ရှိ နီကယ်စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အလုပ်သမား ၁၃ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့ထားတဲ့ အဆိုပါနီကယ်စက်ရုံ ပေါက်ကွဲမှုမှာ သေဆုံးသူ အလုပ်သမား ၈ ဦးက အင်ဒိုနီးရှားနိုင်ငံသားတွေဖြစ်ပြီး ၅ ဦးက တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။

သတ္ထုအရည်ကျိုတဲ့ မီးဖိုကြီးကို ပြုပြင်ရာမှ မီးလောင်လွယ်တဲ့အရည်တစ်မျိုး လောင်ကျွမ်းမှုဖြစ်ပြီး နောက်ဆက်တွဲ ပေါက်ကွဲမှုတွေဖြစ်ကာ အနီးအနားက အောက်ဆီဂျင်ကန်တွေပါ ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ အင်ဒို နီးရှား မိုရိုဝါလီစက်မှုဉယျာဉ် (IMIP) ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ လျှပ်စစ်ကားဘက်ထရီတွေ၊ စတီးလ်တွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကမ္ဘာ့ထိပ် တန်း နီကယ်ထုတ်လုပ်တဲ့တိုင်းပြည်ဖြစ်ပါတယ်။ နာရီအနည်းငယ်အကြာမှာ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ခဲ့ တယ်လို့ သိရပါတယ်။

IMIP ဟာ တရုတ်ကုမ္ပဏီတစ်ခုပိုင်ဆိုင်တဲ့ နီကယ်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ထိခိုက်သေ ဆုံးသူတွေရဲ့ ကုသမှုစရိတ်တွေကို ကျခံမယ်လို့ IMIP က ပြောပါတယ်။

ဒဏ်ရာရရှိသူတွေရဲ့ ထက်ဝက်နီးပါးက နိုင်ငံခြားသားတွေဖြစ်ပြီး ၁၇ ဦးက ဒဏ်ရာအပြင်းအထန်ရရှိခဲ့ တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ရတ်ချ်မန်ယတ်က ဒေသန္တရမီဒီယာတွေကို ပြောပါတယ်။

တရုတ်နိုင်ငံက စရိတ်နည်းလျှပ်စစ်ကား ထုတ်လုပ်မှုကို အလေးထားလာမှုနဲ့အတူ အင်ဒိုနီးရှားနိုင်ငံရှိ နီကယ်စက်ရုံတွေမှာ ရင်းနှီးမြှုပ်နှံလာခဲ့တာကြောင့် နီကယ်ထုတ်လုပ်မှုက အရင်းအမြစ်ပေါကြွယ်ဝတဲ့ အင်ဒိုနီး ရှားနိုင်ငံအတွက် အရေးပါလာခဲ့ပါတယ်။

နီကယ်ထုတ်လုပ်မှု မြင့်တက်လာမှုနဲ့အတူ မကြာသေးမီနှစ်တွေအတွင်း လူသေဆုံးမှုရှိတဲ့ဖြစ်စဉ်တွေ ဖြစ် ပွားခဲ့ပါတယ်။ ဒီနှစ်အစောပိုင်းက အဆိုပါစက်မှုဉယျာဉ်အတွင်းရှိ နီကယ်စက်ရုံတစ်ခုမှာ ဝန်ထမ်းတွေရဲ့ ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်လူမျိုးတစ်ဉီးနဲ့ အင်ဒိုနီးရှားလူမျိုးတစ်ဉီး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အဆိုပါနီကယ်စက်ရုံမှာ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အလုပ်သမားတစ် ဉီး သေဆုံးပြီး ၆ ဉီး ဒဏ်ရာရရှိခဲ့ပါတယ်။

ကိုးကား – BBC
Ref; Explosion at Indonesia nickel plant kills 13 staff

#Ayeyarwaddy_Times