ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ ရက်

စနေနေ့က အိန္ဒိယသမုဒ္ဒရာအတွင်း ဂျပန်နိုင်ငံပိုင် ဓာတုကုန်ပစ္စည်းတေွ တင်ဆောင်လာတဲ့ သင်္ဘောတစ် စင်းဟာ အီရန်နိုင်ငံမှလွှတ်တင်တဲ့ မောင်းသူမဲ့လေယာဉ်တစ်စင်း ထိမှန်ခဲ့တယ်လို့ အမေရိကန်၊ ကာကွယ်ရေးဝန် ကြီးဌာနက ပြောပါတယ်။

အိန္ဒိယကမ်းရိုးတန်းမှ ကီလိုမီတာ ၃၇၀ အကွာမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လိုက်ဘေးရီးယားအလံ လွှင့် ထူထားတဲ့ အဆိုပါသင်္ဘောကို နယ်သာလန်ကုမ္ပဏီတစ်ခုက လုပ်ကိုင်နေခြင်းဖြစ်တယ်လို့ ပင်တဂွန် ပြောရေးဆို ခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးတာမရှိဘဲ သင်္ဘောပေါ် မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ခဲ့တယ် လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။

အဆိုပါသင်္ဘောဟာ အစ္စရေးနိုင်ငံနဲ့ ပတ်သက်မှုရှိပြီး ဆော်ဒီအာရေးဘီးယားနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မောင်းနှင်နေတာလို့ ရိုက်တာနဲ့အခြားမီဒီယာတွေက ဗြိတိန် ရေကြောင်းလုံခြုံရေးကုမ္ပဏီတစ်ခုကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

နိုဝင်ဘာလအတွင်းကလည်း အစ္စရေး ဘီလျှံနာတစ်ဉီးနဲ့ဆက်နွှယ်တဲ့ ကုန်တင်သင်္ဘောတစ်စင်းဟာ အ ဆိုပါရေပိုင်နက်အတွင်း သံသယဖြစ်ဖွယ်ရာ အီရန်ဒရုန်းတစ်စင်းရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။

ယီမင်နိုင်ငံရှိ အစိုးရဆန့်ကျင်ရေး ဟူသီအဖွဲ့ဟာ အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်ပေးတဲ့ ပင်လယ်နီအ တွင်း ကုန်တင်သင်္ဘောတွေကို ထပ်တလဲလဲ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။

ဟူသီအဖွဲ့ဟာ စနေနေ့က ပင်လယ်နီအတွင်းသို့ ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ အမေရိကန် ဗဟိုစစ် ဌာနချုပ်က ပြောကြားခဲ့ပါတယ်။

အမေရိကန်စစ်တပ်က ဒရုန်း ၄ စင်းကို ပစ်ချခဲ့ပြီး တိုက်ခိုက်ခံနေရတဲ့အကြောင်း သင်္ဘောနှစ်စင်းထံမှ သ တင်းပေးပို့မှုတွေ ရရှိခဲ့တယ်လို့ ဗဟိုစစ်ဌာနချုပ်က ဆိုပါတယ်။

ကိုးကား – NHK
Ref; Japanese-owned tanker hit by drone in Indian Ocean

#Ayeyarwaddy_Times