
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၄ ရက်
ထိုင်ဝမ်ရွေးကောက်ပွဲကျင်းပဖို့ ၃ ပတ်အလိုမှာ တရုတ်တိုက်လေယာဉ်အချို့ ထိုင်ဝမ်ရေလက်ကြား ကြား ခံလိုင်းကို ဖြတ်ကျော်ဝင်ရောက်တာ အပါအဝင် တရုတ်တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေရဲ့ လှုပ်ရှားမှုတွေ ပို များလာခဲ့တယ်လို့ ထိုင်ဝမ်က ပြောပါတယ်။
ထိုင်ဝမ်ကျွန်းအနီး တရုတ်စစ်တပ်ရဲ့ ကင်းလှည့်မှုတွေ၊ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်တာကို ထိုင်ဝမ်က ကန့်ကွက်ခဲ့တာ ၄ နှစ်ရှိပြီဖြစ်ပါတယ်။
တရုတ်စစ်တပ်ရဲ့ J-10၊ J-11 နဲ့ J-16 ဂျက်တိုက်လေယာဉ်တွေဟာ ထိုင်ဝမ်ကျွန်းမြောက်ဘက်နဲ့ အနောက်တောင်ဘက် လေပိုင်နက်အတွင်း ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါ တယ်။
တရုတ်တိုက်လေယာဉ် စုစုပေါင်း ၁၀ စင်းက တရုတ်စစ်သင်္ဘောတွေနဲ့အတူ ပူးတွဲတိုက်ခိုက်မှု အသင့် ဖြစ်ရေး ကင်းလှည့်မှုတွေ လုပ်ဆောင်ဖို့ ထိုင်ဝမ်ရေလက်ကြား ကြားခံလိုင်းကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ကြားခံလိုင်းဆိုတာ နှစ်နိုင်ငံကြား တရားမဝင် အတားအဆီးတစ်ခုဖြစ်ပေမယ့် တရုတ်စစ်သင်္ဘောတွေက ပုံမှန်ဆိုသလို ယင်းအပေါ်မှ ပျံသန်းကြပါတယ်။ အခြေအနေကိုစောင့်ကြည့်ဖို့ စစ်တပ်ကို စေလွှတ်ခဲ့တယ်လို့ ထိုင် ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်ဝမ်ခွဲထွက်ရေးသမားတွေနဲ့ အမေရိကန်နိုင်ငံကြား ပူးပေါင်းလိမ်လည်မှုမရှိစေဖို့နဲ့ တရုတ်နိုင်ငံရဲ့ ပိုင် နက်နယ်မြေကို ကာကွယ်ဖို့ အခုလိုပြုလုပ်တာလို့ တရုတ်နိုင်ငံက ပြောဖူးပါတယ်။
ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်ဆိုတဲ့ တရုတ်ရဲ့ပြောကြားချက်ကို ထိုင်ဝမ်အစိုးရက ပယ်ချခဲ့ပြီး ထိုင်ဝမ် ပြည်သူတွေကသာ သူတို့အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံက ခွဲထွက်ရေးသမားတစ်ဉီးအဖြစ် ရှုတ်ချထားတဲ့ အာဏာရ DPP ပါတီမှ လိုင်ချင်တေးက ထိုင်ဝမ်သမ္မတသစ်ဖြစ်ဖို့ ထိပ်ဆုံးမှဉီးဆောင်နေတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။
အဓိကအတိုက်အခံပါတီဖြစ်ပြီး အစဉ်အလာအားဖြင့် တရုတ်နိုင်ငံနဲ့ နီးကပ်သောဆက်ဆံရေးရှိကာ ရွေး ကောက်ပွဲအနိုင်ရရင် တရုတ်နိုင်ငံနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ ကတိပြုထားတဲ့ ကူမင်တန်ပါတီက ထိုင်ဝမ် ပြည်သူတွေဟာ သူတို့အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Taiwan reports more Chinese planes, warships near island as election approaches