
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်
စစ်ကောင်စီတပ်ဖွဲ့ မှ ကျောင်းကုန်း မြို့နယ်အနီးရှိ ကျေးရွာချင်ဆက်လမ်းများတွင် ညအချိန် ကင်းပုန်းဝပ်ပြီး လမ်းသွားလမ်းလာများအား တပ်ထဲထည့်မည်ဟု ခြိမ်းခြောက်နေကြောင်း ကျောင်းကုန်းမြို့နယ်ဒေသခံများထံမှသိရသည်။
ထိူ့အပြင် ကျောင်းကုန်းမြို့နယ်နှင့် အိမ်မဲမြို့နယ် ရှိ မြို့ချင်းဆက်လမ်းများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ မှ ညအချိန်တွင် ကင်းပုန်းများဝပ်ကာ ခရီးသွားများအား ခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသခံများက ပြောသည်။
” ၈ နာရီပဲရှိသေးတယ်လမ်းမဘေးမှာ ဆိုင်ကယ်တွေနဲ့ ရပ်စောင့်နေတာ။ မင်းဘယ်ကလည်း ဘယ်မှာနေလည်းမေးတာ ရုံးဝန်ထမ်းလို့ပြောတော့မှ နောက်ဆို ညဘက်သွားလို့မိရင် တပ်ထဲထည့်မယ်လို့ပြောတယ် ။ မင်းတို့အရွယ်ဆို တပ်ထဲမှာခိုင်းလို့သိပ်ကောင်းတာ လို့ပြောပါတယ် ကျွန်တော့်ကို ပြန်တော့လွှတ်လိုက်တယ် “ဟု ကျောင်းကုန်မြို့နယ်မှ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်မှ ညအချိန်သွားလာသူများအား ဖမ်းဆီပေါ်တာဆွဲဲနေသည်ဟု သတင်းများထွက်ပေါ်နေသဖြင့် ကျောင်းကုန်း ၊အိမ်မဲ နှင့် ဝါးခယ်မ တို့တွင် ညအချိန်လမ်းသွားလမ်းလာမရှိတော့ကြောင်း ဒေသခံများထံမှသိရသည်။
“ဒီလထဲ လူငယ်တွေ ပျောက်နေတာများတယ် ရက် ၂၀လောက်နေတော့ မှ သတင်းပြန်ကြားရင် တပ်ထဲရောက်နေတာလို့ ပြောတယ်။ သူတို့တွေက ညဘက်သွားရင်အကြောင်းအမျိုးမျိုးပြဖမ်းတယ်။ ပြီးရင် ခြိမ်းခြောက်ပြီး တပ်ထဲထည့်တယ်။ ဒီတော့ဘယ်သူမှ ညဘက်မြို့ပေါ်မလာတော့သလို လမ်းတွေပေါ်လည်းအသွားအလာနည်းကုန်ပြီ ။ ၈နာရီ ၉နာရီဆိုလူမရှိတော့ဘူး “ဟု ဝါးခယ်မ မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီမှ တပ်သားသစ် ရရှ်ိရေးအတွက် နည်းမျိုးစုံသုံးကြိုးပမ်းလျှက်ရှိပြီး ရရှိပါကလည်း သက်ဆိုင်ရာ တပ်ရင်းများသို့ ချက်ခြင်းပို့ဆောင်နေကြကြောင်း တပ်တွင်းသတင်ူရင်းမြစ်များထံမှသိရသည်။
#ကျောင်းကုန်းမြ #ကျေးရွာချင်ဆက်လမ်းများတွင်
#စစ်ကောင်စီက #ညအချိန်ကင်းပုန်းဝပ်ပြီး #စစ်ကြောင်းထိုး #Ayeyarwaddy_Times