ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၄ ရက်

မြန်မာစစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကြား တရုတ်နိုင်ငံရဲ့ မကြာသေးမီက ကြားဝင်ဖျန်ဖြေမှု ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း အလှည့်အပြောင်းတစ်ခုကို ရောက်ရှိလာခဲ့ပြီလို့ လေ့လာသူ တွေ ယူဆနေတဲ့ မြန်မာ့အရေး ဖြေရှင်းရာမှာ ဂျပန်နိုင်ငံရဲ့ ခေါင်းဆောင်မှုမရှိတာကို ပြသနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကြား ယာယီ အပစ်အခတ်ရပ် စဲမှု ဖြစ်စေခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုက အမျိုးသားညီညွတ်ရေးအစိုးရ NUG)၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံမှုမပြုလုပ်ဘဲ အာဏာသိမ်းစစ်ကောင်စီနဲ့သာ ထိတွေ့ဆက်ဆံနေတဲ့ ဂျပန်နိုင်ငံရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာမူဝါဒနဲ့ပတ်သက်လို့ မေးခွန်းတွေ ထုတ်ခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

“မြန်မာပြည်သူအများစုက စစ်အုပ်ချုပ်ရေးကို ဆန့်ကျင့်တာကြောင့် ဂျပန်အစိုးရက မြန်မာစစ်ကောင်စီနဲ့ သာ ထိတွေ့ဆက်ဆံမယ်ဆိုရင် ဂျပန်နိုင်ငံရဲ့ အကျိုးစီးပွားကို အကျိုးမဖြစ်စေဘူး” လို့ Hitotsibashi တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ ပါမောက္ခ မိုင်ကိုအိုင်ချီဟာရာက ပြောကြားပြီး NUG၊ အာဏာသိမ်းမှုဆန့်ကျင်ရေး အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံဖို့ ဂျပန်နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။

“လွတ်လပ်ပွင့်လင်းသော အာရှ-ပစိဖိတ်ဒေသ မျှော်မှန်းချက်အရ တရားဉပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေး ကို လေးစားသမှုထားတဲ့ တိုင်းပြည်တစ်ခုအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တက်ကြွတဲ့ သံခင်းတမန်ခင်း ပိုမို လုပ်ဆောင်ဖို့ ဂျပန်နိုင်ငံကို တိုက်တွန်းပါတယ်” လို့ သူက အင်တာဗျူးတစ်ခုအတွင်း ပြောပါတယ်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံရှိ ဒီမိုကရေစီအင်အားစုတွေနဲ့ ဆက်ဆံရေးမတည်ဆောက်ရင် အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အခြားဗိုလ်ချုပ်ကြီးတွေက သူတို့ပြောသမျှကို ဂျပန်နိုင်ငံက နားထောင်တယ်လို့ ထင်သွားပါလိမ့်မယ်လို့ သူက ဆိုပါတယ်။

ဂျပန်အစိုးရဟာ မြေပြင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာနဲ့ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်ကို ပိုမို သိ ရှိဖို့ လိုအပ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဂျပန်ခရီးစဉ်အတွင်း ပြောကြားခဲ့ပါတယ်။

“ကျွန်မတို့ မဟာမိတ်အဖွဲ့တွေနဲ့လက်တွဲပြီး စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ စိတ်ပိုင်းဖြစ်ထားပါတယ်” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

မြန်မာပဋိပက္ခဟာ အလှည့်အပြောင်းတစ်ခုကို ရောက်ရှိလာခဲ့ကြောင်း၊ မင်းအောင်လှိုင်က ပဋိပက္ခကို နိုင် ငံရေးနည်းနဲ့ဖြေရှင်းဖို့ တောင်းဆိုထားကြောင်း၊ သူဟာ အချိန်ယူဖို့နဲ့ စစ်တပ်ကို အင်အားဖြည့်တင်းဖို့ အလားတူ နည်းပရိယာယ်တွေ အသုံးပြုခဲ့ဖူးကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ဒေါ်မီမီဝင်းဘတ်က ပြောပါတယ်။

“ဂျပန်နိုင်ငံက NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဘယ်လို့ ဆက်ဆံရေး ထူထောင်မယ်ဆိုတာ ကို ဒေသတွင်း အင်အားကြီးတိုင်းပြည်တွေက စောင့်ကြည့်နေမယ်လို့ ကျွန်မထင်ပါတယ်” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ကိုးကား – Japan Today
Ref; Japan urged to proactively engage with Myanmar as China steps in

#Ayeyarwaddy_Times