ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်

သေနတ်သမားတစ်ဦးက ချက်သမ္မတနိုင်ငံရှိ တက္ကသိုလ်တစ်ခုကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ လူ ၁၄ ဦး သေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သေနတ်ပစ်ခတ်မှုဟာ အကြမ်းဖက်မှုဝါဒနဲ့ မဆက်စပ်ဘူးလို့ ချက်အာဏာပိုင်တွေက ပြောပါတယ်။ မနေ့ ကနေ့လည်ပိုင်းက ပရာဟာမြို့တော်အလယ်ပိုင်းရှိ ချားလ်တက္ကသိုလ်မှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

သေနတ်သမားဟာ အသက် ၂၄ နှစ်အရွယ်ရှိ တက္ကသိုလ်ကျောင်းသားတစ်ဉီးလို့ ယူဆရပြီး တက္ကသိုလ် ဝန်းအတွင်း သေဆုံးသွားခဲ့ပါတယ်။

အစောပိုင်းရက်က သေနတ်သမားရဲ့ ဖခင်ဖြစ်သူကို ပရာဟာမြို့တော်အပြင်ဘက်ရှိ သူ့ရဲ့နေအိမ်မှာ သေ ဆုံးလျက်တွေ့ရှိခဲ့ပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားရတဲ့အကြောင်းရင်းကို ဖော်ထုတ်ဖို့ ရဲတပ်ဖွဲ့က ကြိုးပမ်းနေပြီး သေနတ်သမားရဲ့ဖခင် သေဆုံးမှုဟာ ပစ်ခတ်မှုဖြစ်စဉ်နဲ့ ဆက်စပ်မှုရှိ မရှိ ဖော်ထုတ်နေပါတယ်။

ချားလ်တက္ကသိုလ်ဟာ ချားလ်တံတားကဲ့သို့သော သမိုင်းဝင် ရှေးဟောင်းအဆောက်အအုံတွေရှိရာ ပရာ ဟာမြို့ဟောင်းအနီး တည်ရှိပါတယ်။

ပစ်ခတ်မှုဖြစ်ရာနေရာဟာ ကမ္ဘာလှည့်ခရီးသွားတွေ၊ ကျောင်းသားတွေ၊ ခရစ္စမတ်အကြိုကာလ လာ ရောက်လည်ပတ်သူတွေနဲ့ စည်းကားလေ့ရှိပြီး ပစ်ခတ်မှုဖြစ်စဉ်နေ့က လူတွေနဲ့စည်းကားခဲ့တယ်လို့ သိရပါတယ်။

ကိုးကား – NHK
Ref; Gunman kills 14 at university in Prague

#Ayeyarwaddy_Times