ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်

ထိုင်းနိုင်ငံဟာ လာမယ့်နှစ်မှာ အာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူပြီး မြန်မာ့အရေးဖြေရှင်းဖို့ စတင်ကြိုး ပမ်းမယ့် လာအိုနိုင်ငံကို ပံ့ပိုးကူညီဖို့ အဆင်သင့်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ပန်ဖရီးဘာဒီဒါနူကရာက ပြောပါ တယ်။

ဘာဒီဒါဟာ ဒီသီတင်းပတ်အစောပိုင်းက တိုကျိုမြို့တော်မှာကျင်းပတဲ့ အာဆီယံ-ဂျပန် ထိပ်သီးဆွေးနွေး ပွဲရဲ့ ဘေးပန်းအစည်းအဝေးအဖြစ် လာအို နိုင်ငံခြားရေးဝန်ကြီး ဆာလွန်ဇေကွမ်မာဆစ်နဲ့ ဆွေးနွေးခဲ့တယ်လို့ အာ ဆီယံရေးရာဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အူဆာနာဘီရာနန်ဒါက ပြောပါတယ်။

ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီပေးဖို့ လုပ်ဆောင်နေတယ်လို့ ဘာဒီဒါက ကွမ် မာဆစ်ကို ပြောပါတယ်။

လာအိုနိုင်ငံက မြန်မာ့အရေးကို ဖြေရှင်းလိုပေမယ့် စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား နှစ် ၇၀ ကျော် တိုက်ခိုက်ခဲ့တာကြောင့် ဘုံသဘောတူညီချက်ရရှိဖို့ ခက်ခဲတယ်လို့ အူဆာနာက ပြောပါတယ်။

“လာအိုနဲ့မြန်မာက အိမ်နီးချင်းတိုင်းပြည်တွေဖြစ်တာကြောင့် မြန်မာ့အရေးဖြေရှင်းဖို့ လာအိုနိုင်ငံက အ ကောင်းဆုံး ကြိုးစားပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။

မြန်မာစစ်ကောင်စီဟာ လုံခြုံရေးကြောင့် ရွေးကောက်ပွဲကျင်းပဖို့ ရွှေ့ဆိုင်းခဲ့ပြီး အရေးပေါ်အခြေအနေကို ကြိမ်ဖန်များစွာ သက်တမ်းတိုးခဲ့ကာ မြန်မာစစ်တပ်ဟာ မျက်နှာစာပေါင်းစုံမှာ ခုခုံတွန်းလှန်မှုတွေ ရင်ဆိုင်နေရပါ တယ်။

“ဒေသတစ်ခုစီမှာ ကန့်သတ်ချက်တွေရှိတာကြောင့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှုရှိမှာ မ ဟုတ်ပါဘူး။ ရေရှည်မှာ မြန်မာ့အရေးကို ရွေးကောက်ပွဲတစ်ရပ်က ဘယ်လိုကူညီနိုင်တယ်ဆိုတာ စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါက မြန်မာနိုင်ငံနဲ့ပဲ သက်ဆိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာ့ပြည်တွင်းရေးဖြစ်လို့ပါဘဲ” လို့ အူဆာနာက ပြောပါတယ်။

ဘာဒီဒါဟာ မကြာသေးမီက တရုတ်နိုင်ငံ၊ ပေကျင်းမြို့တော်မှာပြုလုပ်တဲ့ ၈ ကြိမ်မြောက် မဲခေါင်-လန် ချန် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီခန့် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံ ခြားရေးဝန်ကြီး ဉီးသန်းဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

စစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကြား တိုက်ပွဲတွေဖြစ်ပွားလျက်ရှိရာ လောက်ကိုင်မြို့မှ ထိုင်းနိုင်ငံ သားတွေ နေရပ်ပြန်ရေးအတွက် စစ်ကောင်စီရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း ဘာဒီဒါက ပြောကြားခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးကူညီမယ်လို့ ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

ကိုးကား – Bangkok Post
Ref; Myanmar a challenge for new ASEAN chair Laos

#Ayeyarwaddy_Times