ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် ဒုက္ခသည် ၆၀၀၀ ဝန်းကျင်ဟာ အိန္ဒိယနိုင်ငံ၊ မဏိ ပူရ်ပြည်နယ်မှာ ခိုလှုံခဲ့ပြီး မကြာမီ မဏိပူရ်ပြည်နယ်သို့ ဒုက္ခသည်တွေ ထပ်မံရောက်လာဖွယ်ရှိတယ်လို့ ပြည်နယ် ဝန်ကြီးချုပ် အန်ဘီရန်ဆင်းဂျ်က ပြောပါတယ်။

“မြန်မာနိုင်ငံက အခြေအနေတွေကြောင့် လူပေါင်း ၆၀၀၀ ဝန်းကျင်ဟာ မဏိပူရ်ပြည်နယ်ကို ရောက်လာ ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာဒုက္ခသည်တွေကို အစားအသောက်နဲ့ နေရာထိုင်ခင်းတွေ ပံ့ပိုးပေးနေပါတယ်။ မြန် မာဒုက္ခသည်တွေ မဏိပူရ်ပြည်နယ်ကို ထပ်မံ ရောက်လာဖွယ်ရှိပါတယ်” လို့ သူက ဆိုပါတယ်။

လူသားချင်းစာနာထောက်ထားမှုအရ ခိုလှုံခွင့်တောင်းခံလာမှုကို ငြင်းပယ်လို့မရကြောင်း၊ နိုင်ငံခြားသား တွေကို မဏိပူရ်ပြည်နယ်အတွင်း ခိုးကြောင်ခိုးဝှက်သွားလာခွင့်၊ တရားမဝင် ကျေးရွာတွေ ထူထောင်ခွင့်မပြု ကြောင်း သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးမီက တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ရာပေါင်းများစွာသော ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံနဲ့ ၁၀၉ ကီလိုမီတာ နယ်နိမိတ်ထိစပ်နေတဲ့ ကမ်ဂျောင်မှာ ခိုလှုံခဲ့ပါတယ်။

မြန်မာစစ်တပ်နဲ့ ဒီမိုကရေစီအင်အားစုတွေကြား တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမှ ဒုက္ခသည်တွေဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းကို ဝင်ရောက်လာမှုနဲ့အတူ တရားမဝင် ရွှေ့ပြောင်းလာသူတွေကို အတည်ပြုနေ တယ်လို့ မဏိပူရ်ပြည်နယ်အစိုးရက ပြောပါတယ်။

မဏိပူရ်ပြည်နယ်ရှိ ခရိုင် ၅ ခုဖြစ်တဲ့ ချူရာချန်ပူ၊ ချန်ဒဲလ်၊ ကမ်ဂျောင်၊ တန်နိုပေါလ်နဲ့ အူခရူလ်တို့က မြန် မာနိုင်ငံနဲ့ ကီလိုမီတာ ၄၀၀ ခန့် နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

ကိုးကား – NDTV
Ref; 6,000 Myanmar Refugees In Manipur, More Likely To Come: Chief Minister

#Ayeyarwaddy_Times