ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်

အစ္စရေးနိုင်ငံရဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ထိုးစစ်ဆင်မှုကို လက်တုံ့ပြန်မှုအဖြစ် မလေးရှားအစိုးရက ပြည် တွင်းဆိပ်ကမ်းတွေမှာ အစ္စရေးအလံလွှင့်ထူထားတဲ့ သင်္ဘောတွေကို ဆိုက်ကပ်ခွင့် ပိတ်ပင်လိုက်ပါတယ်။

“အစ္စရေးနိုင်ငံရဲ့ လုပ်ရပ်တွေက အခြေခံ လူသားချင်းစာနာမှုစည်းမျဉ်းတွေကို ဉပေက္ခာပြုပြီး ပါလက်စ တိုင်းပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ရက်စက်ကြမ်းကြုတ်မှုပြုလုပ်ကာ အပြည်ပြည်ဆိုင်ရာ ဉပဒေကို ချိုးဖောက်နေပါတယ်” လို့ မလေးရှားအစိုးရက ပြောပါတယ်။

အစ္စရေးနိုင်ငံအလံ လွှင့်ထူထားတဲ့သင်္ဘောတွေကို ပြည်တွင်းဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ခွင့်မပြုတဲ့ ဒဏ် ခတ်ပိတ်ဆို့မှုကို မလေးရှားအစိုးရက ဒီဇင်ဘာလ ၂၀ ရက်မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ကြေညာခဲ့ပါတယ်။

မလေးရှားနိုင်ငံရှိ ဆိပ်ကမ်းတွေမှာ ကုန်တင်ဆောင်ပြီး အစ္စရေးနိုင်ငံသို့သွားရောက်မယ့် မည်သည့် သင်္ဘောကိုမဆို မလေးရှားအစိုးရက ပိတ်ပင်ခဲ့ပါတယ်။

ပါလက်စတိုင်းကိုထောက်ခံတဲ့ လူစုဝေးပွဲတွေကို မလေးရှားနိုင်ငံတစ်ဝှမ်း ပြုလုပ်ခဲ့ပါတယ်။ အောက်တို ဘာလအတွင်း ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ လူစုဝေးပွဲမှာ စုဝေးခဲ့ကြပြီး ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ အစ္စရေးနိုင်ငံကို တောင်းဆိုခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ လူဉီးရေရဲ့ ၆၀ ရာခိုင်နှုန်းကျော်က မူဆလင်တွေဖြစ်ပြီး မလေးရှားအစိုးရက ပါလက်စ တိုင်းကို ထောက်ခံတဲ့ရပ်တည်ချက်ရှိကာ အစ္စရေးနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး မရှိပါဘူး။

ကိုးကား – NHK
Ref; Malaysia bans Israeli-flagged ships from its ports

#Ayeyarwaddy_Times