
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ အခြေစိုက် လူမှုကူညီရေး အသင်း ယာဉ်မောင်းက အမျိုးသားတစ်ဦးကို တိုက်ခဲ့ပြီး ကားကိုစွန့်ပစ်ကာတိမ်းရှောင်နေသောကြောင့် ရဲတပ်ဖွဲ့များကလာရောက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသူမှာပုသိမ်မြို့အခြေစိုက် “မွန်မြတ်မေတ္တာ”လူမှုကူညီရေးအသင်း၏ ယာဥ်မောင်းဖြစ်သူ ဦးမြအေးဆိုသူ ဖြစ်ပြီး ရန်ကုန်သို့လူနာ ပို့ဆောင်ပြီး အပြန် ကျောင်းကုန်းမြို့နယ်သဲကုန်းကျေးရွာအနီးတွင် အမျိုးသားတစ်ဦးကို တိုက်မိပြီး ကားအားထားခဲ့ကာ တိမ်းရှောင်နေသူဖြစ်ကြောင်း ရဲတပ်ဖွဲနင့်နီးစပ်သူများထံမှသိရှိရသည်။
” အရင်ဆုံးလူနာတင်ကားတစ်စီး မြောင်းထဲမှာတွေ့လို့ ကားမှောက်တယ်မှတ်လို့ သွားကြည့်တာ အဲ့ကားနဲ့ အနီးခြုံထဲမှာ အမျိုးသားတစ်ဦးအလောင်းတွေ့လို့ တိုက်ပြီးထွက်ပြေးသွားမှန်းသိတာ။ ကားမှာ “မွန်မြတ်မေတ္တာ “အသင်းဆိုပြီး ဖုန်းနံပါတ်ရေးထားလို့ဆက်တော့ပုသိမ်ကမှန်းသိပြီး ညတွင်းခြင်းလိုက်ဖမ်းတာမိတာပါ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
သေဆုံးသွားသူမှာ ကျောင်းကုန်းမြို့နယ်ကံကုန်းကျေးရွာနေထိုင်သူ ဦးစိုးသန်း(၅၅)နှစ်ဖြစ်ပြီး လမ်းဖြတ်ကူးနေစဥ် လူနာတင်ကားမှအရှိန်မထိမ်းနိုင်ပဲ၀င်တိုက်ခဲ့ရာမှ အခင်းဖြစ်ရာတွင် ပွဲခြင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ပြီး လူနာတင်ယာဥ်ပါ တိမ်းမှောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရသိရသည်။
လက်ရှိတွင် လူမှုကူညီရေးအသင်းယာဥ်မောင်းဖြစ်သူဦးမြအေးကို ကျောင်းကုန်းမြို့မစခန်းမှ ယာဉ်(ပ) ၂၂/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည်။
#ပုသိမ်မြို့အခြေစိုက် #လူမှုကူညီရေးအသင်း #ယာဉ်နှင့်အတိုက်ခံရ၍ #အမျိုးသားတစ်ဦး သေဆုံး #Ayeyarwaddy_Times