ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဒေသခံတောင်သူများအနေဖြင့် ရပ်ကျေးထောက်ခံစာနှင့်ဘဏ်စာအုပ်ရှိမှသာ တစ်ဦးလျှင်ဒီဇယ်ဆီ လေးဂါလံဝယ်ယူခွင့်ရကြောင်း ဒေသခံတောင်သူများထံကသိရသည်။

တောင်သူများအနေဖြင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးထောက်ခံစာ ပုံစံ ၇ စာရွက်တစ်ရွက်လျှင် ငွေ ၃၀၀၀ ကျပ် ပေးနေရသည့်အပြင်မြန်မာ့စီးပွားရေးဘဏ်စာအုပ် ရှိမှသာ ဒီဇယ်ဆီဝယ်ယူခွင့်ရရှိကြောင်းတောင်သူများကပြောသည်။

“ထောက်ခံစာ တစ်စောင်ကို ငွေ ၃၀၀၀ ပေးပြီးလုပ်နေရတယ်။နောက်ပြီးဘဏ်စာအုပ်မရှိရင် ဆီဝယ်မရဘူးဆိုတော့စာအုပ်ပါပြန်ရှာထားရတယ်။ အဲတာသာမရှိရင်စက်သုံးဆီဝယ်ခွင့်မရဘူး”ဟု ဝါးဒူးကျေးရွာ ဒေသခံတောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စက်သုံးဆီဝယ်ယူရာတွင် တစ်ဦးလျှင် ဒီဇယ် လေးဂါလံနှုန်းသာ ဝယ်ယူခွင့်ရရှိ၍ ဆောင်းသီးနှံရိတ်သိမ်းရာ၌ စက်သုံးဆီမလုံလောက်မှုပြဿနာ ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများမှပြောသည်။

“ ဒီဇယ်ကတစ်ရက်ကိုတခါဝယ်မှ လေးဂါလံပဲရတာ။အဆင်မပြေဘူး။ သီးနှံတွေစိုက်မဲ့သူတွေဆိုရင်ဆီက အနည်းဆုံး ခြောက်ဂါလံလောက်ကုန်တာ။ စက်ကြီးနဲ့ထယ်ထိုးတာတို့ဆိုရင်ပေါ့။ အခုကဆီတခါဖြည့် တခါထယ်ထိုးတခါနားဖြစ်နေတယ်။ အဆင်မပြေဘူး” ဟု အနောက်စုကြီးကျေးရွာ ဒေသခံတောင်သူတစ်ဦးကဆိုသည်။

ကန်ကြီးထောင့်မြို့နယ်တွင်ပြီးခဲ့သည့်ဩဂုတ်လအတွင်းကလည်း တောင်သူလယ်သမားများအနေဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးထောက်ခံစာရရှိမှသာ စက်သုံးဆီဝယ်ယူခွင့်ရခဲ့သည်။

#ဧရာဝတီတိုင်း#ကန်ကြီးထောင့်မြို့နယ်#လယ်သမားများအနေဖြင့် # ရပ်ကျေးထောက်ခံစာနှင့် #ဘဏ်စာအုပ်ရှိမှသာ #ဒီဇယ်၄ဂါလံဝယ်ယူခွင့်ရ #Ayeyarwaddy_Times