ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၁ ရက်

ရုရှား-ယူကရိန်းပဋိပက္ခ ဘယ်အချိန်မှာ ပြီးဆုံးမယ်ဆိုတာ ဘယ်သူမှ မသိဘူးလို့ ယူကရိန်းသမ္မတ ဇီလန် စကီးက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားလိုက်ပါတယ်။

“အဖြေကို ဘယ်သူမှ မသိဘူးလို့ ကျွန်တော်ထင်ပါတယ်။ တပ်မှူးတွေနဲ့ ရုရှား-ယူကရိန်းစစ်ပွဲက နှစ် ပေါင်းများစွာ ကြာမြင့်မယ်လို့ပြောတဲ့ အနောက်နိုင်ငံမဟာမိတ်တွေတောင် ပဋိပက္ခ ဘယ်အချိန်ပြီးဆုံးမယ်ဆိုတာ မသိပါဘူး” လို့ ယူကရိန်းနိုင်ငံပိုင် ရုပ်သံလွှင့်ဌာန Suspilne က တိုက်ရိုက်ထုတ်လွှင့်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောပါတယ်။

ယူကရိန်းနိုင်ငံက ဒီနှစ်အတွင်း ပင်လယ်နက်ဒေသမှာ အရေးပါတဲ့အောင်ပွဲ ရရှိခဲ့တယ်လို့ သူက ဆိုပါ တယ်။ “ရုရှားနိုင်ငံက ဒီနှစ်အတွင်း သူ့ရဲ့ရည်မှန်းချက်ကို မအောင်မြင်ခဲ့ပါဘူး” လို့ ဇီလန်စကီးက ပြောပါတယ်။

ယူကရိန်းနိုင်ငံက ဒီနှစ်အတွင်း တောင်ပိုင်းဒေသတွေမှာ စစ်ဆင်ရေးတွေကို သက်ရောက်စေခဲ့တဲ့ လုံ လောက်သော ခဲယမ်းမီးကျော်တွေ မရှိခဲ့ဖူးလို့ သူက ဆိုပါတယ်။

ယူကရိန်းနိုင်ငံရဲ့ ကာကွယ်ရေးနဲ့ တန်ပြန်ထိုးစစ်ဆင်မှုမှာပါဝင်မယ့် တပ်ဖွဲ့ဝင် ၄၅၀၀၀၀ မှ ၅၀၀၀၀၀ အထိ စုဆောင်းဖို့ စစ်ဘက်တပ်မှူးတွေက တင်ပြခဲ့ပေမယ့် အတည်မပြုရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

ယူကရိန်းတပ်ဖွဲ့ဝင်အရေအတွက်ကို မသိရပေမယ့် ယခင်က တပ်ဖွဲ့ဝင် တစ်သန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ရုရှားကလည်း စစ်တပ်အင်အား တိုးချဲ့နေပြီး တပ်ဖွဲ့ဝင် ၁ ဒသမ ၅ သန်းအထိ တိုးမြှင့်ဖို့ စီစဉ်ထား ပါတယ်။

ယူကရိန်းနိုင်ငံဟာ မကြာမီ မိတ်ဖက်နိုင်ငံတွေထံမှ ပက်ထရီးယော့ လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ NASAMS ဒုံးခွင်းစနစ် လက်ခံရရှိမယ်လို့ ဇီလန်စကီးက ပြောပါတယ်။

ယူကရိန်းနိုင်ငံဟာ လာမယ့်နှစ်မှာ မောင်းသူမဲ့လေယာဉ် အစင်းရေ တစ်သန်းနီးပါး ထုတ်လုပ်ဖို့ စီစဉ်နေ တယ်လို့ သူက ဆိုပါတယ်။

ကိုးကား – CGTN
Ref; Zelenskyy: ‘No one knows’ when Russia-Ukraine conflict will end

#Ayeyarwaddy_Times