
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၁ ရက်
မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) တစ်စင်း စမ်းသပ်ပစ်လွှတ်ပြီးနောက် တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်နိုင်ငံတို့ဟာ ဒီဇင်ဘာလ ၂၀ ရက်က B-1 မဟာဗျူဟာမြောက် ဗုံးကြဲလေ ယာဉ် ၂ စင်း ပါဝင်တဲ့ ၃ နိုင်ငံ လေကြောင်းလေ့ကျင့်မှုကို ကိုရီးယားကျွန်းဆွယ်ပေါ်မှာ ပြုလုပ်ခဲ့ပါတယ်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူးကျွန်းရဲ့အရှေ့ဘက် ပင်လယ်ရေကြောင်းဇုန် တစ်ခုအတွင်း ပြုလုပ်ခဲ့တာလို့ ပူးတွဲစစ်ဉီးစီးချုပ်များက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဟန့်တားတဲ့မဟာဗျူဟာကို သရုပ်ဖော်ပြသဖို့ ပူးတွဲလေကြောင်းလေ့ကျင့်မှုကို ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဟန့်တားရေးမဟာဗျူဟာဆိုတာ မြောက်ကိုရီးယားနိုင်ငံရဲ့ အစုလိုက်အပြုံလိုက် သေဆုံးစေနိုင်တဲ့လက် နက်တွေ ထုတ်လုပ်မှုကို ဟန့်တားမယ့် မဟာဗျူဟာမြောက်စစ်လက်နက်တွေ ကိုရီးယားကျွန်းဆွယ်သို့ ဖြန့်ကြက် မယ့် အမေရိကန်နိုင်ငံရဲ့ ကတိကဝတ်ဖြစ်ပါတယ်။
ဒီနှစ်အတွင်း မဟာမိတ် ၃ နိုင်ငံဟာ ကိုရီးယားကျွန်းဆွယ်မှာ ပူးတွဲလေတပ်ဆိုင်ရာ လေ့ကျင့်မှု ၁၃ ကြိမ် ပြုလုပ်ခဲ့ပြီး နျူကလီးယားလက်နက် သယ်ဆောင်နိုင်တဲ့ B-52 ဗုံးကြဲလေယာဉ်တွေလည်း စေလွှတ်တာ ပါဝင်ခဲ့ပါ တယ်။
ဗုဒ္ဓဟူးနေ့ကပြုလုပ်တဲ့ ၃ နိုင်ငံ လေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုမှာ တောင်ကိုရီးယားလေတပ်ရဲ့ F-15 ဂျက်တိုက်လေယာဉ်တွေ၊ အမေရိကန်လေတပ်ရဲ့ F-16 ဂျက်တိုက်လေယာဉ်တွေနဲ့ ဂျပန်လေတပ်ရဲ့ F-2 ဗုံးကြဲ လေယာဉ်တွေ ပါဝင်ခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ တနင်္လာနေ့က အစိုင်အခဲလောင်စာသုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ရာ ဒီနှစ်အတွင်း ပဉ္စမမြောက် တာဝေးပစ်ဒုံးကျည်ပစ်လွှတ်မှု ဖြစ်လာခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို လက်တုံ့ပြန်ဖို့ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျ ပန်နိုင်ငံတို့က ပစိဖိတ်ဒေသမှာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်ခဲ့ ပါတယ်။
ကိုးကား – La Prensa Latina
Ref; Seoul, Tokyo, Washington conduct joint drills after Pyongyang’s ICBM launch