ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၁ ရက်

မကြာသေးမီက နယ်စပ်တစ်လျှောက် တိုက်ပွဲတွေ ရပ်တန့်စေခဲ့တဲ့ ယာယီ အပစ်အခတ်ရပ်စဲရေး သ ဘောတူညီချက်ကို စောင့်ထိန်းကြဖို့ တရုတ်နိုင်ငံက မြန်မာစစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တောင်း ဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ထိ ထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ဖို့၊ စိတ်ရှည်သည်းခံမှု ကျင့်သုံးဖို့နဲ့ အခြေအနေကို ဖြေရှင်းရေး လုပ်ဆောင်ကြဖို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင် က ပေကျင်းမြို့တော်မှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဘလွန်းဘဂ်သတင်းဌာနမှ သတင်းထောက်ရဲ့ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့ အပစ်အ ခတ်ရပ်စဲဖို့ သဘောတူညီခဲ့ပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အပေါ် မေးမြန်းမှုကို သူက အခုလို ဖြေကြားခဲ့တာ ပါ။

တရုတ်နိုင်ငံရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့ စဉ်ဆက်မပြတ်သော ကြိုးပမ်းမှုတွေကြောင့် မြန်မာနိုင်ငံရှိ သက်ဆိုင် ရာ အဖွဲ့အစည်းတွေက တရုတ်နိုင်ငံ၊ ကူမင်းမြို့တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ကာ ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အပစ်အခတ်ရပ်စဲရေးကာလအတွင်း ထိပ်တိုက်တွေ့ဆုံမှု တွေမဖြစ်အောင် သဘောတူညီချက်ကို စောင့်ထိန်းကာ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ဆက် လုပ်မယ်လို့ မျှော်လင့်ရကြောင်း သူက ပြောပါတယ်။

ပဋိပက္ခတွေ အဆုံးသတ်ဖို့နဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေပြုလုပ်ဖို့ တရုတ်နိုင် ငံက သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံမှု ဆက်လက်ပြုလုပ်မယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Bloomberg
Ref; China Pushes Myanmar Junta, Rebels to Honor Cease-Fire Deal

#Ayeyarwaddy_Times