ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်

လူပေါင်း ၁၂၇ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ပျောက်ဆုံးခဲ့တဲ့ တရုတ်နိုင်ငံ၊ ဂန်ဆုပြည်နယ်မှာ အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် ရှာဖွေရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

ဂန်ဆုပြည်နယ်၊ လင်ကျားဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုမှာ ယမန်နေ့ ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီခန့်က ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ တရုတ်အာဏာပိုင် တွေက ပြောပါတယ်။

ဂန်ဆုပြည်နယ်မှာ လူ ၁၁၃ ဦး သေဆုံးခဲ့ပြီး ၅၃၆ ဦး ဒဏ်ရာရရှိကာ နေအိမ်အဆောက်အဉီ ၁၅၅၀၀၀ ခု ပျက်စီးခဲ့တယ်လို့ ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

အနီးအနားရှိ ကျင်ဟိုင်းပြည်နယ်မှာ လူ ၁၄ ဦး သေဆုံးခဲ့ပြီး ၁၉၈ ဉီး ဒဏ်ရာရရှိခဲ့ကာ မြေငလျင်လှုပ်ခတ် ပြီးနောက် မြေပြိုမှုကြောင့် ၂၀ ဉီး ပျောက်ဆုံးနေတယ်လို့ ဒေသန္တရအာဏာပိုင်တွေက ပြောပါတယ်။

အပူချိန်က အနှုတ် ၁၀ ဒီဂရီဆဲလ်စီးယပ်စ်ရှိတာကြောင့် ပြင်းထန်သော ရာသီဉတုအောက်မှာ နွေးထွေး စေဖို့ မီးဖိုတစ်ခုဝန်းကျင်မှာ အသက်ရှင်ကျန်ရစ်သူတွေ စုဝေးနေတဲ့ပုံကို ရုပ်သံဖိုင်တွေက ပြသနေပါတယ်။

မြေငလျင်လှုပ်ခတ်ပြီးနောက် ဘေးသင့်ပြည်နယ်တွေမှာ လျှပ်စစ်နဲ့ ရေပေးဝေမှု ပြတ်တောက်သွားခဲ့ တယ်လို့ သိရပါတယ်။

တနင်္လာနေ့နေ့လည်ပိုင်းက ဘေးသင့်ပြည်နယ်တွေမှာ နောက်ဆက်တွဲငလျင်ငယ် အကြိမ်ရေ ၃၀၀ ကျော် လှုပ်ခတ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။

ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီဖို့ တရုတ်အစိုးရက ဘေးသင့်ဒေသများသို့ စစ် ဘက်တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့ပါတယ်။

ကိုးကား – NHK
Ref; Death toll from earthquake in inland China rises to 127

#Ayeyarwaddy_Times