
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မရဲစခန်းနှင့် ထွေအုပ်ရုံးအား တော်လှန်ရေးတပ်ဖွဲ့များက ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ စစ်သား ခြောက်ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းသိရသည်။
“မြို့မ ရဲစခန်းနဲ့ ထွေအုပ်ရုံးတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဗုံး ခုနှစ်လုံးကြဲချနိုင်ခဲ့တယ်။ စစ်ကောင်စီဘက်က ရွာတွေကိုပစ်ခတ်နေတဲ့ ၆၀ မမ လက်နက်ကြီး တစ်ခု ပေါ်ကိုလည်း ကျပြီးသူတို့လက်နက် ပျက်စီးသွားတယ်” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဗုံးကြဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က အနီးနားပတ်ဝန်းကျင်ကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဗုံကြဲ တိုက်ခိုက်မှုအား တော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံးရေးတပ်ဖွဲ့ CDSOM 001 Drone Team၊ TGR Drone တပ်ဖွဲ့ ၊ မြင်းမူ Farmer၊ချောင်းဦးတပ်ဖွဲ့ ၊ မြောင်မြို့နယ် ပလဖ၊ Myaung Revolution Force နှင့် MRF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
#ချောင်းဦးမြို့မရဲစခန်း #ထွေအုပ်ရုံး #ဒရုန်းဖြင့်တိုက်ခိုက် #စစ်ကောင်စီ #Ayeyarwaddy_Times