ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်

ပင်လယ်နီအတွင်း ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေိကို လက်တုံ့ပြန်မယ့် အမေရိကန်နိုင်ငံဉီးဆောင်သော နိုင် ငံစုံမဟာမိတ်အဖွဲ့ ဖွဲ့စည်းကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ကြေညာလိုက်ပါ တယ်။

ဗြိတိန်နဲ့ ဘာရိန်းအပါအဝင် ၁၀ နိုင်ငံပါဝင်တဲ့ Operation Prosperity Guardian ကို ဖွဲ့စည်းကြောင်း လွိုက်အော်စတင်က ဒီဇင်ဘာလ ၁၈ ရက်မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အဆိုပါနိုင်ငံစုံရေတပ်ဖွဲ့က ပင်လယ်နီအတွင်း ကုန်တင်သင်္ဘောတွေကို ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေက နေ ကာကွယ်ပေးမယ်လို့ အမေရိကန်မီဒီယာအချို့က ဖော်ပြပါတယ်။

ယီမင်နိုင်ငံရှိ အစိုးရဆန့်ကျင်ရေး ဟူသီအဖွဲ့က ဆာနာမြို့တော်အပါအဝင် ယီမင်နိုင်ငံမြောက်ပိုင်းရှိ ပိုင် နက်နယ်မြေတွေကို ထိန်းချုပ်ထားပြီး ဂါဇာကမ်းမြောင်ဒေသရှိ ဟားမာစ်အဖွဲ့နဲ့ မဟာမိတ်ဖွဲ့ထားပါတယ်။

ဟူသီအဖွဲ့ဟာ ပြီးခဲ့တဲ့လပိုင်းက ပင်လယ်နီအတွင်း ကုန်တင်သင်္ဘောများစွာကို တိုက်ခိုက်ခဲ့ပြီး ဂါဇာဒေ သသို့ လုံလောက်သော ကယ်ဆယ်ရေးပစ္စည်းတွေ မရောက်သရွေ့ တိုက်ခိုက်မှုတွေ ဆက်လုပ်မယ်လို့ ပြောပါ တယ်။

အစ္စရေးနိုင်ငံနဲ့ပတ်သက်တဲ့ ကုန်တင်သင်္ဘောတစ်စင်းနဲ့ ရေနံတင်သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့တယ် လို့ ဟူသီအဖွဲ့ဟာ တနင်္လာနေ့က လူမှုကွန်ရက်မှာ ကြေညာခဲ့ပါတယ်။

ကေးမန်းကျွန်းစုမှာ မှတ်ပုံတင်ထားတဲ့ ရေနံတင်သင်္ဘောတစ်စင်းဟာ ပင်လယ်နီအတွင်း ဟူသီအဖွဲ့ ထိန်းချုပ်ထားတဲ့နယ်မြေတွေကနေပစ်လွှတ်တဲ့ ဒရုန်းတွေ၊ ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ အမေရိ ကန် ဗဟိုစစ်ဌာနချုပ်က ကြေညာခဲ့ပါတယ်။

ကုန်တင်သင်္ဘောတစ်စင်းလည်း ရေအောက်ဖောက်ခွဲမှုနဲ့ တိုက်ခိုက်ခံခဲ့ရပေမယ့် ထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် သင်္ဘောပျက်စီးမှုမရှိဘူးဆိုတဲ့ သတင်းတွေလည်း ရရှိခဲ့တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က ပြော ပါတယ်။

အနာဂတ်မှာ ခြိမ်းခြောက်မှုတွေကို အဓိပ္ပာယ်ရှိသောနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဒီဇင်ဘာလ ၁၉ ရက်က အွန် လိုင်းဝန်ကြီးအဆင့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ လွိုက်အော်စတင်က ပြောပါတယ်။

ကိုးကား – NHK
Ref; US forms multinational response against Houthi attacks in Red Sea

#Ayeyarwaddy_Times