
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်
ဆန္ဒရှိမယ်ဆိုရင် ယူကရိန်းအနာဂတ်နဲ့ပတ်သက်လို့ ယူကရိန်း၊ အမေရိကန်၊ ဉရောပနိုင်ငံတွေနဲ့ ဆွေးနွေး ဖို့ ရုရှားနိုင်ငံက ပြင်ဆင်မယ်လို့ သမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပါတယ်။
ရုရှားနိုင်ငံက အမျိုးသားအကျိုးစီးပွားကို ကာကွယ်မယ်လို့ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းနိုင်ငံတွင်း တပ်ဖွဲ့တွေ စေလွှတ်ခဲ့တဲ့ ပူတင်က ပြောပါတယ်။
ပူတင်က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာပြုလုပ်မယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို စောင့်ဆိုင်းနေ တယ်လို့ အနောက်နိုင်ငံ တာဝန်ရှိသူတွေက ပြောပေမယ့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ပြင်ဆင်မယ်လို့ ပူတင်က ဆိုပါ တယ်။
“ကျွန်တော်တို့ရဲ့ အမျိုးသားအကျိုးစီးပွားကို အခြေခံပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ပြင်ဆင်ပါမယ်” လို့ မော်စကိုမြို့တော်မှာပြုလုပ်တဲ့ ကာကွယ်ရေးဆိုင်ရာ ခေါင်းဆောင်မှုအစည်းအဝေးမှာ သူက ပြောပါတယ်။
၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုလဲချိန်မှာ ယူကရိန်းပိုင်နက်အဖြစ် နိုင်ငံတကာ အသိအမှတ်ပြု ထားတဲ့ ပိုင်နယ်နယ်မြေ ၁၇ ဒသမ ၅ ရာခိုင်နှုန်းကို ရုရှားက ထိန်းချုပ်ထားပါတယ်။
ရုရှားနိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယားဒေသကို ကျူးကျော်သိမ်းပိုက်ကာ ၂၀၂၂ ခုနှစ်မှာ ယူကရိန်း ပိုင်နက် ဒေသ ၄ ခုကို ရုရှားပိုင်နက်အဖြစ် ပေါင်းစည်းခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ ကိုယ်ကျိုးစီးပွားအတွက် ဉရောပတိုက်ကို အသုံးချနေတယ်လို့ ပူတင်က စွပ်စွဲခဲ့ပြီး ရုရှားက ဉရောပတိုက်ကို စစ်ပွဲဆင်နွှဲဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။
ယူကရိန်းရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေးဟာ ရုရှားနိုင်ငံအတွက် ၁၀ နှစ် သို့မဟုတ် နှစ် ၂၀ အတွင်း လက်သင့်ခံ စရာမရှိဘူးလို့ သူက ဆိုပါတယ်။
ကိုးကား – Reuters
Ref; Putin says Russia is ready to talk on Ukraine