ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်
တရုတ်နိုင်ငံက မြန်မာ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်မယ့် ကြိုးပမ်းမှုတွေကို ဆန့်ကျင်လိုက်ပြီး မစွက်ဖက်ရေးမူဝါဒကို လိုက်နာတယ်လို့ ပြောကြားလိုက်ပါတယ်။
“တရုတ်နိုင်ငံက တစ်ခြားတိုင်းပြည်တွေရဲ့ ပြည်တွင်းရေးမှာ မစွက်ဖက်ရေး အခြေခံမူကို လိုက်နာတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောင်လိကျန်က မြန်မာနိုင်ငံကိုရည်ညွှန်းကာ ပြော ဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးဟာ တိုင်းပြည်ရဲ့ ရေရှည်အကျိုးအတွက် လက်တွဲဆောင်ရွက်သင့်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေမူဘောင်အတွင်း သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းသင့်တယ်လို့ သူက ဆိုပါ တယ်။
မြန်မာစစ်ကောင်စီက ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို ကွက်မျက်လိုက်တာကြောင့် ကမ္ဘာ့နိုင်ငံ တွေရဲ့ ပြစ်တင်ရှုတ်ချမှုကို ခံနေရပါတယ်။ ၁၉၈၀ ခုနှစ်တွေနောက်ပိုင်း မြန်မာနိုင်ငံက ပထမဆုံးအကြိမ် ကွက် မျက်မှုဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ဆူပူအုံကြွမှုတွေ ဖြစ်လာခဲ့ပြီး စစ်တပ်က သဘောထား ကွဲလွဲသူတွေကို အင်အားသုံးဖြိုခွင်းတာကြောင့် ပြည်သူ ၂၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းမှုကြောင့် ဇွန်လ ၁ ရက်နေ့အထိ ကလေးငယ် ၂၅၀၀၀၀ ကျော် အပါအဝင် ပြည် သူ ၇၀၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့နှစ် အာဏာသိမ်းမှုနောက်ပိုင်း မျက်ကွယ်စီရင်ချက်ချမှတ်ခံရသူ ၄၁ ဦး အပါအဝင် စစ်ကောင်စီက လူ ၁၁၇ ဦးကို သေဒဏ်ချမှတ်ခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; China says ‘no interference’ in Myanmar