
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်
ရန်ကုန်တွင် လျှပ်စစ်မီးပုံမှန် ဖြတ်တောက်ခံနေရသည့်အပြင် ကုန်သွယ်ရေးလမ်း ခရီး ပိတ်သဖြင့် ယခုရက်ပိုင်းအတွင်း အိမ်သုံး LNG ဓာတ်ငွေ့နှင့် မီးသွေးဈေးနှုန်းများ မြင့် တက်နေကြောင်း သိရသည်။
မြဝတီနယ်စပ်လမ်းကြောင်းပိတ်နေသဖြင့် ထိုင်းနိုင်ငံမှ အများစုတင်သွင်းသည့် အိမ်သုံး၊ ဆိုင်သုံး LPG သဘာဝဓာတ်ငွေ့ ပိဿာဈေးနှင့် Gas ဘူးသေးစျေးမြင့်တက်နေပြီး ပြည်တွင်း ထုတ်ကုန် မီးသွေးဈေးလည်း မြင့်တက်နေကြောင်းသိရသည်။
ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များတွင် ဈေးကွာခြားချက်ကြီးမားနေပြီး သဘာဝဓာတ်ငွေ့ တစ်ပိဿာလျင် ကျပ် ၇,၅၀၀ မှ ၁၅,၀၀၀ ကျပ်ဝန်းကျင်အထိရှိပြီး Gas ဘူး အသေးတစ်ဘူးလျှင် ကျပ် ၁,၂၀၀ မှ ၁,၄၀၀ ကျပ်အထိရှိကြောင်း ရန်ကုန်မြို့ခံများ ထံက သိရသည်။
ယခင်က LPG ဓာတ်ငွေ့တစ်ပိဿာလျှင် ကျပ် ၆,၀၀၀ နှင့် Gas ဘူးသေးတစ်ဗူးလျှင် ၉၀၀ ကျပ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ မီးပျက်တော့ gas နဲ့လုပ်ရတဲ့ရက်တွေဆိုသုံးရတာများတယ်။ တစ်လကို ၁၅ ရက်လောက် သုံးရတယ်။ မီးနဲ့တည်လို့ရတာကို အချိန်မီတည်တယ်။ မရတော့မှ gas သုံးတယ်။ gas ဈေးကြီးနေတော့ချွေတာရတယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းတွင် နေထိုင်သူ အမျိုးသမီးတစ်ဦး ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လျှပ်စစ်မီး ပြတ်တောက်မှုများလာသည့် ရန်ကုန်တွင်ချက်ပြုတ်ရေးအတွက် gas အပြင် မီးသွေးကိုအသုံးပြုမှုများပြားနေဆဲဖြစ်ပြီး လမ်းခရီးခက်ခဲမှုအပါအဝင် စက်သုံးဆီဝယ်ရ ခက်ခဲ၍ မီးသွေးဈေးမြင့်နေကြောင်း မီးသွေးရောင်းချသူများ ထံက သိရသည်။
“ မီးသွေးဈေးတက်တယ်။ လမ်းတွေပိတ် ဆီဈေးတက်နဲ့ သယ်ယူစရိတ်ပိုတွေကြောင့် ဈေးတက်တာ။ မီးသွေးက ဧရာဝတီတိုင်းဘက်ကနေဝင်တာ အဲဒီဘက်ဘယ်နားလမ်းပိတ် လဲတော့မသိဘူး။ ဈေးတော့တက်တယ်” ဟု ဒေါပုံမြို့နယ်ရှိ မီးသွေးရောင်းချသူ တစ်ဦး က ဧရာ၀တီတိုင်မ်းကို ပြောသည်။
ပြီးခဲ့သည့်လပိုင်းက မီးသွေးတစ်ပိဿာ ကျပ် ၁၅၀၀ မှ ယခုတစ်ပိဿာ ၂၀၀၀ ကျပ်ဖြစ် သွားကြောင်း မီးသွေးဆိုင်မှစုံစမ်းသိရသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ရန်ကုန်မြို့အပါအဝင်မြို့ကြီးများတွင် ၂၄ နာရီ ကာလပတ်လုံးလျှပ်စစ်မီးပေးထားနိုင်ခြင်းမရှိသည့်အတွက် အလှည့်ကျ မီးပေး စနစ်ဖြင့် တစ်နေ့ ၈ နာရီမှ ၁၂ နာရီကြားသာ လျှပ်စစ်မီးရရှိသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#LPGgas #မီးသွေးဈေးမြင့်တက် #Ayeyarwaddy_Times