
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်
ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ် အချို့တွင် စစ်ကောင်စီတပ်များက PDFတပ်ဖွဲ့များကို ထောက်ပံမှုပြုလုပ်သည်ဟု စွပ်စွဲဖမ်းဆီးခံရသူရှစ်ဦးအထိရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှသိရှိရသည်။
“သူတို့တွေကို အဓိကထားစောင့်ကြည်ပြီးK payနဲ့ waveက တစ်ဆင့်ခြေရာခံ လိုက်တာPDF လှူတယ်လို့သိရလို့ ဖမ်းလိုက်တာ သက်ဆိုင်ရာရဲစခန်းမှာအမှုဖွင့်ထားတယ်”ဟု တိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဧရာ၀တီတိုင်းအတွင်းစစ်ကောင်စီတပ်များမှ Kpay နှင့် wave အကောင့် ပိုင်ရှင်တစ်ချို့ကိုလည်း လိုက်လံစုံစမ်းနေပြီး ဖမ်းဆီးနိုင်ခြင်းမရှိသည့်အချို့ အကောင့်များကို ပိတ်သိမ်းလိုက်ကြောင်း သိရှိရသည်။
ဖမ်းဆီးခံထားရသူ များမှာ နိုဝင်ဘာဘအတွင်းက မြောင်းမြမြို့တွင် CDM ပြုလုပ်ထားသည့် ကျောင်းဆရာမ နှစ်ဦး၊ အသုတ်မြို့၊ အုန်းတောလမ်းတွင်နေထိုင်သည့် ကိုဇော်မင်းထွန်း၊ မြန်အောင်မြို့နယ်၊ တညင်းကုန်းကျေးရွာမှ မတင်ဇာလင်းဆိုသူတို့ဖမ်းဆီးခံခဲ့ရပြီး ဒီဇင်ဘာလ အတွင်း ဓနုဖြူမြို့နယ်၊ ကျုံတနော်ကျေးရွာမှ မယဥ်မွန်နိုင်၊ အိမ်မဲမြို့မှ မမေသူချို၊ ကျုံမငေးမြို့မှ ကိုဝေယံဖြိုး၊ ငပုတောမြို့နယ်မှ အမျိုးသားတစ်ဦးတို့ ဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရသိရှိရသည်။
လက်ရှိတွင် စစ်ကောင်စီ၏စွပ်စွဲ ဖမ်းဆီးခံထားရသူ ခုနှစ်ဦးကို သက်ဆိုင်ရာမြို့နယ် ရဲစခန်းများတွင်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀(ည)ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရှိရသည်။
#ဧရာ၀တီတိုင်း #နှစ်လအတွင်း #၈ဦးအဖမ်းခံရ #PDF #kpayနှင့်waveမှ #ငွေထောက်ပံ့သူ
#Ayeyarwaddy_Times