ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ စစ်ကောင်စီ၏ ဘုံဇုံးတပ်စခန်းကို ချင်းအမျိုးသား တပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(ဟားခါး) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဟားခါး-ဂန့်ဂေါကားလမ်းပေါ် ဘုံဇုံးကျေးရွာရှိ စစ်ကောင်စီတပ် အင်အား ၃၀ ကျော်နှင့် တပ်စွဲထားသည့် တပ်စခန်းအား ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ယမန်နေ့ ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေ့ပိုင်းက တိုက်ခိုက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၁၈ ရက်၊ နံနက် ၁၁ နာရီဝန်းကျင်တွင် စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များသည် စခန်းအား စွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

” မနေ့ညက CNA ဦးဆောင်မူနဲ့ ကျွန်တော်တို့ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်တယ်။ CDF ဘက်က ရဲဘော် နှစ်ဦး ကျဆုံးတယ်။ CNA ဘက်က ရဲဘော် လေးဦး ထိခိုက် ဒဏ်ရာရတယ်။ စစ်ကောင်စီဘက်ကလည်း ထိခိုသေဆုံးမူများလို့ စခန်းကနေ ထွက်ပြေး ကြတာများတယ်။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို လိုက်ရှာ ဖမ်းဆီးနေဆဲ ဖြစ်ပါတယ်” ဟု ချင်းအမျိုးတပ်မတော်(CNA)ရဲဘော် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲအတွင်း အထိနာများခဲ့သည့် စစ်ကောင်စီတပ်သည် လေကြောင်းမှနေ၍ လေး ကြိမ် တိုက်ခိုက်မူပြုလုပ်ခဲ့ပြီး CDF ရဲဘော် နှစ် ဦးကျဆုံးကာ CNA ရဲဘော် လေး ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် နှစ်ဖက်တိုက်ပွဲအတွင်း စခန့်အား စွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ ဘုံဇုံးကျေးရွာ နှင့် ဂန့်ဂေါ့မြို့နယ်ကြားတွင် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအား အရှင်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

#ချင်းပြည် #ဟားခါးမြို့ #ဘုံဇုံးကျေးရွာတပ်စခန်း #CNACDFပူးပေါင်းတပ်ဖွဲ့ #သိမ်းပိုက်ရရှိ #Ayeyarwaddy_Times
Boost t