
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်
ဂါဇာမြောက်ပိုင်းမှာ အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ဒေသကြား နယ်စပ်ဒေသကို ဆက်သွယ်ထားတဲ့ ဟား မာစ်အဖွဲ့ရဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခုကို တွေ့ရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အဆိုပါဥမင်လိုဏ်ခေါင်းက အရှည် ၄ ကီလိုမီတာရှိပြီး ထောင့်ဖြတ်က အနက် ၅၀ မီတာရှိကာ အီရက်ဇ် နယ်စပ်ဖြတ်ကျော်ဂိတ်တောင်ဘက်အထိ မီတာ ၄၀၀ နီးပါး ရောက်ရှိတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အဆိုပါဥမင်လိုဏ်ခေါင်းဟာ အမြင့် ၃ မီတာ၊ အကျယ် ၃ မီတာရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော် ပြခဲ့ပါတယ်။
အဆိုပါဉမင်လိုဏ်ခေါင်းဟာ ဂါဇာကမ်းမြောင်ဒေသမှာ တွေ့ရှိခဲ့တဲ့ အကြီးမားဆုံး ဉမင်လိုဏ်ခေါင်းဖြစ် တယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ်ဟာဂါရီက ပြောပါတယ်။
ဟားမာစ်တိုက်ခိုက်ရေးသမားတွေကို ကားဖြင့်သယ်ဆောင်ကာ အီရက်ဇ်နယ်စပ်ဂိတ်ကို တိုက်ခိုက်ဖို့ ယင်းဉမင်လိုဏ်ခေါင်းကို တည်ဆောက်ထားတာလို့ သူက ဆိုပါတယ်။
ဂါဇာဒေသရှိ ဟားမာစ်အဖွဲ့ခေါင်းဆောင် ယာရာဆင်ဝါရဲ့ အစ်ကိုတစ်ဉီးဖြစ်သူက အဆိုပါဉမင်လိုဏ် ခေါင်းကို တည်ဆောက်ခဲ့တာလို့လည်း သူက ပြောပါတယ်။
“ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ ဆင်ဝါဉမင်လိုဏ်ခေါင်းစီမံကိန်း ဖြစ်ပါ တယ်” လို့ ဒန်နီယယ်ဟာဂါရီက ပြောပါတယ်။
ဉမင်လိုဏ်ခေါင်းအတွင်း တွေ့ရှိခဲ့တဲ့ CG ဓာတ်ပုံတွေမှာ ဒုံးကျည်တွေကို တိုက်ခိုက်ဖို့ ပြင်ဆင်ထားတယ် လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ကိုးကား – NHK
Ref; Israel discovers ‘biggest Hamas tunnel’ in Gaza stretching close to border