
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်
ရုရှားနိုင်ငံက ယူကရိန်းစစ်ပွဲမှာ အနိုင်ရရင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို တိုက်ခိုက်မယ်ဆိုတဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ သတိပေးမှုက လုံးဝအဓိပ္ပာယ်မရှိဘူးလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက် ပါတယ်။
ပူတင်က ယူကရိန်းစစ်ပွဲကို အနိုင်ရရှိရင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို တိုက်ခိုက်မှုဖြစ်တာကြောင့် ရုရှား တပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ထိခိုက်စေလိမ့်မယ်လို့ ဒီလအစောပိုင်းမှာ ဂျိုးဘိုင်ဒင်က သတိပေးခဲ့ပါတယ်။
ဂျိုးဘိုင်ဒင်ရဲ့ပြောဆိုချက်တွေက ရုရှားနိုင်ငံ၊ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ မှားယွင်းသောမူဝါဒကို ထောက်ခံဖို့ ကြိုးပမ်းမှုတစ်ခုသာဖြစ်တယ်လို့ ပူတင်က ဆိုပါတယ်။
“ဂျိုးဘိုင်ဒင်ရဲ့ ပြောကြားချက်တွေက လုံးဝအဓိပ္ပာယ်မရှိဘူး” လို့ ရုရှားနိုင်ငံပိုင်ရုပ်သံဌာန Rossiya က ထုတ်လွှင့်တဲ့ အင်တာဗျူးတစ်ခုအတွင်း ပူတင်က ပြောပါတယ်။
ဖင်လန်နိုင်ငံက နေတိုးအဖွဲ့သို့ ဝင်ရောက်ခဲ့တာကြောင့် ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့လည်း အင်တာ ဗျူးအတွင်း ပူတင်က သတိပေးခဲ့ပါတယ်။
“ကျွန်တော်တို့ ဖင်လန်နိုင်ငံနဲ့ ဘယ်လိုအငြင်းပွားမှုတွေ ဖြစ်ခဲ့လို့လဲ။ ၂၀ ရာစုအလယ်က ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေကို ဖြေရှင်းခဲ့ပြီးဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ရုရှားနိုင်ငံက အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသမှ ခိုလှုံခွင့်တောင်းခံသူတွေကို ဖင်လန်နိုင်ငံတွင်းသို့ မောင်းထုတ်သည်ဟုစွပ်စွဲကာ ဖင်လန်နိုင်ငံက နိုဝင်ဘာလလယ်မှာ ရုရှားနဲ့ထိစပ်နေတဲ့ ကီလိုမီတာ ၁၃၄၀ နယ် စပ်ကို ပိတ်ပစ်ခဲ့ပါတယ်။
ကိုးကား – Politico
Ref; Putin has ‘no interest’ in attacking NATO, calls Biden’s warning ‘nonsense’