
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်
အာဆီယံအဖွဲ့က ပြည်တွင်းစစ်ကြောင့် ကစဉ့်ကလျားအခြေအနေဖြစ်နေတဲ့ မြန်မာနိုင်ငံကိုကူညီဖို့ အ သင့်ဖြစ်သင့်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင် ဖြစ်နေဆဲပဲလို့ ဂျပန်နိုင်ငံမှာကျင်းပတဲ့ ပထမအကြိမ် အာဆီယံ-ဂျပန် ထိပ်သီးဆွေးနွေးပွဲမှာ မားကို့စ်ဂျူနီယာက မိန့်ခွန်းတစ်ခုအတွင်း ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ပဋိပက္ခဘေးသင့် မြန်မာနိုင်ငံရဲ့ ၂၀၂၆ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌတာဝန်ကို လွှဲ ပြောင်းရယူခဲ့ပါတယ်။
“ပါဝင်ပတ်သက်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမှုပြုလုပ်တာကတစ်ဆင့် ဆိုးရွားလာတဲ့ အကြမ်းဖက်မှုတွေ နဲ့ မြန်မာပြည်သူတွေရဲ့ အတိဒုက္ခကို ဖြေရှင်းဖို့လိုအပ်ချက်ကို အသိအမှတ်မပြုဘဲ ကျွန်တော်တို့ ဒေသတွင်း ငြိမ်း ချမ်းရေးနဲ့ တည်ငြိမ်မှုကို မဆွေးနွေးနိုင်ပါဘူး” လို့ မိန့်ခွန်းအတွင်း မားကို့စ်ဂျူနီယာက ပြောပါတယ်။
“မြန်မာထိုင်ခုံနေရာကို အလွတ်ထားပေမယ့် မြန်မာဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်နေဆဲပါ။ အာဆီယံမိ သားစုဝင်အနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်၊ ကုလသမဂ္ဂလုပ်ငန်းစဉ်တွေအပြင် AHA Center မှတစ်ဆင့် မြန်မာ့ အရေးကိုကူညီဖို့ အာဆီယံအဖွဲ့က အဆင်သင့်ဖြစ်သင့်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
အာဆီယံခေါင်းဆောင်တွေဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ မြန်မာ့အရေးဖြေရှင်းဖို့ ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့ပေမယ့် အာဏာသိမ်းစစ်ကောင်စီက ဖော်ဆောင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမယ့် မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ စစ်အာဏာရှင်တော် လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေဆဲပါ။
မြောက်ကိုရီးယားနိုင်ငံရဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှု၊ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက် နယ်မြေ အငြင်းပွားမှု အပါအဝင် ဒေသတွင်း ရင်ဆိုင်နေရတဲ့ အခြားစိန်ခေါ်မှုတွေကိုလည်း အစည်းအဝေးမှာ မား ကို့စ်ဂျူနီယာက ဆွေးနွေးခဲ့ပါတယ်။
ကိုးကား – Inquirer
Ref; Asean should be ready to help Myanmar, says Marcos